Friday 15 February 2013
အသံဖမ်းတဲ့ဆော့ဝဲ(အရမ်းကောင်းတာက အချိန်ဇယားနဲ့  ဖမ်းလို့ ရပါတယ် )
ဒီဆော့ဝဲလေးက ဖုန်းမှာထဲ့ထားရင် အသံဖမ်းစက်လိုပဲ အင်တာဗျူးတွေ လုပ်တဲ့အခါ
သုံးလို့ ရပါတယ် ။ ဖမ်းထားတဲ့အသံလည်း ကြည်လင်ပြတ်သားပါတယ် ။ထူးခြားမှုက
အချိန်ဇယား နဲ့  လုပ်လို့ ရတယ် ။ ဖုန်းမှာ နှိုးစက်ပေးသလိုမျိုး လုပ်ထားလို့ ရပါတယ်
အဲ့တော့  အခန်းထဲ  ဖုန်းထားခဲ့ပီး  အတင်းပြောမပြော   စစ်လို့ တောင်ရသေးတယ်
ဒီဆော့ဝဲက အချိန်ဇယားဆိုတော့ ဥာဏ်ရှိသလိုသုံးကြည့် ။တကယ် မိုက်တယ်.....။
ဒီလင့်မှာ ယူပါ - https://play.google.com/ အသံဖမ်းဆော့ဝဲ
Android ဖုန်းသမားအားလုံးအတွက် အသုံးပြုနည်းအသေးစိတ် ရှင်းလင်းချက်
ဒီစာအုပ်က Android ဖုန်းသုံးသူတွေအတွက် Setting ပိုင်းကို အသေးစိတ်ရှင်းထားပီး
အရေးပါတဲ့ မသိမဖြစ်သိရမယ့် Setting ပိုင်းတွေကိုလည်း  အကြောင်းရာ တစ်ခုချင်း
ပုံနှင်တကွ ရှင်းပြထားတာမို့  ဖုန်းစတင်သုံးစွဲသူတွေ  ဖုန်းကိုင်ခါစလူတွေ  ဖတ်သင့်
လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ပါ ။  ဖုန်းအမျိုးစား  မတူသော်လည်း  Android OS
သုံးထားတဲ့   ဖုန်းတွေ   Tablet ,Note  တွေမှာ Setting ပိုင်း သိပ်ပြီး ကွဲပြားမှုမရှိပါဘူး
ပြုပြင်ပုံနဲ့  အသုံးချပုံတူကြပါတယ်  ။ Samsung ပဲသုံးသုံး ၊ HTC ပဲသုံးသုံး ၊ Huawei
Sony-LG-Motorola-စသဖြင့် Android Os တင်ထားတဲ့  ဖုန်းတိုင်းအတွက် အရေးပါ
အရာေ၇ာက်တဲ့  သိသင့်သိထိုက်သည်များကို  အသေးစိတ်အခြေခံကျကျ  ရေးပြပီး
ပုံတွေနဲ့ ရှင်းထားတာကိုတွေ့ ရပါတယ် ။ Android ဖုန်းသမားတွေ  ကြုံရတဲ့ပြဿနာ
Root လုပ်နည်းတွေ ကောင်းကျိုးဆိုးကျိုး တွေကိုလည်း  ရှင်းပြထားပါတယ် နောက်
Root လုပ်တာဟာ  ဖုန်းရဲ့ Warranty ကို ပျက်စေတာကိုလည်း  သတိပြုသင့်ပါတယ်
တချို့ ဆိုင်တွေကတော့  ပြန်လက်ခံတာလည်းရှိပါတယ်။ ဒါပေမယ့် Android သုံးသူ
ကိုင်ဆောင်သူတွေ  ဘာလို့  Root လုပ်ချင်တာလည်းဆိုတာ  သေချာ သိဖို့ လိုမယ်
တွေ့ ရပါတယ် ။ ဟိုနေ့ က  Screen Recoder တစ်ခုရှာတာ   Root လုပ်တဲ့  ဖုန်းသာ
သုံးလို့ ရမှာဖုန်း ကိုယ့်ဖုန်းကို Root လုပ်သင့် မလုပ်သင့်  စဉ်စားနေဆဲပဲရှိသေးတာ
Root လုပ်မယ်ဆိုရင်တော့ ကိုယ်က Admin နေရာရပြီး App တွေကို  လိုအပ်သလို
သွင်းထုတ် လုပ်ခွင့်ရလာမယ် Programming ကို  နားလည်သူ တစ်ယောက်ဆိုလျှင်
Mobile Os တစ်ခုလုံး  ထိန်းချုပ်ခွင့်ရလာမယ် ။ ROM ကို  Modify  လုပ်နိုင်မယ်ဆို
ကိုယ်ပိုင် Setting တွေနဲ့   ကိုယ်ပိုင်ပုံပါတဲ့   Themes လှလှတွေ ပြင်နိုင်မယ်။နောက်
JAVA လေ့လာ  ထားသူတွေအတွက်   OS Management   ကို  ကောင်းကောင်းကြီး
လေ့လာသင်ယူ စမ်းသပ်ခွင့် ရပါလိမ့်မယ် ။ဒါပေမယ့် ဒီအပိုင်းဟာ သာမာန်သုံးသူ
လေ့လာသူအတွက် အန္တရယ်များလှသလို တစ်ခုခု မှားသွားရင် ဘာမှသုံးစားမရပဲ
Firmware ပြန်တင်ရတဲ့အထိ ဖြစ်သွားတတ်တာမို သတိထားသင့်ပါတယ် သို့ သော်
Root လုပ်ချင်တဲ့သူတွေအနေနဲ့ လည်း  ဒီစာအုပ်မှာ  Root လုပ်နည်း  အမျိုးမျိုးကို
ရှင်းပြထားတာမို့  မည်သည့်ဖုန်းအမျိုးစားမဆို Android Mobile Os ဆို အဆင်ပြေ
လွယ်ကူစေမှာဖြစ်ပါတယ် သာမာန်လေ့လာသူတွေအနေနဲ့ လည်း ဖုန်းအကြောင်း
ပြုပြင်နည်း အသေးစိတ်ပါတာမို့ ဖတ်သင့်ပါကြောင်း အကြုံပြု မျှဝေလိုက်ပါ၏
ဒီလင့်မှာ Download ယူဖတ်ပါ - Android သမားတွေအတွက်နည်းပညာစာအုပ်
Thursday 17 January 2013
Android ဖုန်းတွေရဲ့ homepage တွေမှာ ထားလို.ရတဲ့ widget တွေ ထဲမှာ အကောင်းဆုံးတစ်ခုဖြစ်တဲ့ HD widget ပါ
 Android ဖုန်းတွေရဲ့ homepage တွေမှာ ထားလို.ရတဲ့ widget တွေ ထဲမှာ အကောင်းဆုံးတစ်ခုဖြစ်တဲ့ HD widget ပါ ။ ရာသီဥတု၊ နာ၇ီ၊ အခြားလိုအပ်တဲ့ wifi,Bluetooth, gps စတဲ့ Tools တွေ ရဲ့
shotcut တွေလဲ စုံလင်စွာပါဝင်ပါတယ်။ မိမိဖုန်းရဲ့ စာမျက်နှာ ကို အလှဆင်ချင်သူတွေ အတွက် ကတော့ မရှိမဖြစ်လိုအပ်ပါလိမ့်မယ်
အောက်က လင့်ကို ကလစ်နှိပ်၍ ဒေါင်းလုပ်ရယူနိုင်ပါတယ်..။
https://docs.google.com/open?id=0B1AE9-i9tfq8WU1fMnlKLW5oMG8
Viber ဆော့ဝဲလ် အတွက် နောက်ဆုံးထွက်တဲ့ 2.2.0 update version လေးပါ...
Viber ဆော့ဝဲလ် အတွက် နောက်ဆုံးထွက်တဲ့ 2.2.0 update version လေးပါ။ အခု version မှာဆိုရင် နောက်ခံ background တွေပြောင်းလို့ ရတဲ့ အပြင် gtalk မှာလိုမျိုး ကိုယ့် ဓာတ်ပုံလေးပါ တင်လို့ရပါတယ်။ အင်တာနက် ကွန်နက်ရှင် ရှိရုံနဲ့ နိုင်ငံတကာနှင့် ဖုန်း အလကားခေါ်ဆိုလို့ ရနိုင်တဲ့ ဆော့ဝဲလ်လေးပါ။ ဖိုင်ဆိုဒ်ကတော့ 7.01 MB ရှိပါတယ်...
ဒီလင့်မှာဒေါင်းပါ >>>https://docs.google.com/open?id=0B1AE9-i9tfq8b0dkcHlxYTF1ZE0
Wednesday 16 January 2013
Android ဖုန်းတွင် အသုံးပြုသော လျှို့ ဝှက်ကုဒ်များ
k
 Android OS အသုံးပြုတဲ့ မိုဘိုင်းဖုန်းများအတွက် လျှို့ ဝှက်ကုဒ်များ ဖြစ်ပါ တယ်။
1. Testsလုပ်ရန် ကုဒ်များ
*#*#0588#*#* – Proximity sensor test
*#*#2664#*#* – Touch screen test
*#*#2663#*#* – Touch screen version
*#*#0*#*#* – LCD test
*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test
*#*#0842#*#* – Device test (Vibration test and BackLight test)
*#*#3264#*#* – RAM version
*#*#0283#*#* – Packet Loopback
*#*#232331#*#* - Bluetooth test
*#*#232337#*# - Bluetooth device address ကိုပြခြင်း
*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း
*#*#1472365#*#* - GPS test
*#*#1575#*#* - အခြား GPS test
2. Obtaining Firmware information
*#*#1234#*#* – PDA and Phone
*#*#1111#*#* – FTA SW Version
*#*#2222#*#* – FTA HW Version
*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number
*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate
3. Backup လုပ်ရန် ကုဒ်များ
*#*#273283*255*663282*#*#* - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။
4. Service mode
*#*#197328640#*#* - you can change settings or run tests in service mode
5. End Call / Power button ပြောင်းလဲခြင်း
*#*#7594#*#*
6. Reset လုပ်ခြင်း
*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc
*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။
7. ဖုန်း၏ information ကြည့်ရှုရန်
*#*#4636#*#*- battery information, battery history, phone information, usage statistics-
www.facebook.com/ads.com.mm
www.ads.com.mm
Saturday 12 January 2013
မိမိ ဖေ့ဘုတ်အကောင့်ကို ဘယ်နိုင်ငံ-ဘယ်မြို့နယ်က-ဝင်ကြည့်သလည်း
အခုပြောပြမှာကတော့ အရေးမကြီးပေမယ့် သိထာသင့်တယ်လို့ ထင်လို့ပါ...အီမေလ်တွေမှာဆို ကိုယ့်အကောင့်ကို ဘယ်နိုင်ငံတွေက ဘယ်အချိန်မှာ ဘယ်လို browserနဲ့ ဝင်သုံးသွာတယ်ဆိုတာကို ဖေ့ဘုတ်မှာလည်ကြည့်လို့ရမယ့် နည်းလမ်းလေးတစ်ခုပါ...
ပထမဆုံး
facebook account settings ကိုသွာမယ်...
ဒုတိယအဆင့်
Security Settings ဆိုတာကိုနှိပ်လိုက်ပါ ပြီးပါက Active Sessions ကိုနှိပ်လိုက်ပါ အောက်ကပုံအတိုင်း ဘယ်နေရာက သုံးတယ်ဆိုတာ မြင်တွေ့ရမှာဖြစ်ပါတယ်
ဖေ့ဘုတ်မှာ Font လှလှတွေထည့်မယ်
အခုဟာလေကတော့ ဖေ့ဘုတ်မှာ စာလုံးဒီဇိုင်တွေ အလှဆင်မို့အတွက်ပါ..ချစ်သူရှိတဲ့ သူတွေကလည် ကိုယ့်ချစ်သူအတွက် စာလုံးလှလှလေတွေ  လက်ဆောင်ပေးလို့ရတာ
အခု ကျနော်ဓာတ်ပုံမှ ပြထာတဲ့အတိုင်း အဲသလိုစာလုံးတွေကို အောက်ကလင့်မှာ သွာယူပြီး မိမိဉာဏ်သလို အသုံးချလို့ရပါတယ်...
http://fbsym.com/
အဲဒီဆိုဒ်ကို သွားပြီးရင်ကြိုက်တဲ့ စာလုံးတွေကို Selectလုပ်ပါ  ပြီးရင် ကော်ပီပေါ့ (Ctral+C) နောက်ပြီး မိမိ ရေးလိုတဲ့နေရာမှာ..ညာဘက်ကလစ်နှိပ်ပြီးတော့ Paste (C+V)
News Feed မှာ မိမိမမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း
ကျနော်တို့ ဖေ့ဘုတ်မှာ နည်းပညာ-ကျန်းမားရေးဆိုင်ရာတွေ ဆောင်းပါတွေ ကဗျာတွေ နှင့် အခြာသော ဗဟုသုတဖြစ်စေမယ့် ပိုစ့်တွေပဲ ဖက်ခြင်းပြီး သူများကိုဆဲဆိုပုတ်ခတ်တဲ့ ပိုစ်တွေမဖက်ခြင်းဘူး မမြင်ခြင်းဘူးဆို အခုနည်းနဲ့ လုပ်လို့ပါ  တင်တဲ့သူကိုယ်လည် Unfriend/Block တွေလုပ်စရာမလိုပါဘူး
ဒီပုံမှာ ပြထားတဲ့အတိုင်း News Feed မှာ ကိုယ့်စိတ်အနှောက်ယှက်ဖြစ်တဲ့ သူရဲ့ page wall  ကိုသွားပြီး Friends button ကိုနှိပ် Shows in News Feed ကို uncheck လုပ်ပေးလိုက်။ဒါဆိုရင်စိတ်အနှောက်ယှက်ဖြစ်စေမယ် ပိုစ်တွေ ကိုယ့် News Feed မှာ တွေ့ရတော့မှာ မဟုတ်ဘူး
နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း
Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ
့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။
ဒီလို privacy shortcuts များကို US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။
ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
-Blocking
Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။
Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။
ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။
Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။
Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။
နောက် Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I’m tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။
ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။
Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့ What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။
မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။
ဒါဆိုရင် သင့်ရဲ့ profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။
အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။
Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ “who can contact me” ကို click လိုက်ပါ။
ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။
ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။
အားလုံးပဲနှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ….
Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း
လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။
၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်
ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။
အားလုံး အဆင်ပြေကြပါစေဗျား !!!
Credit for this post to http://www.facebook.com/ko.seinthan
Friday 11 January 2013
Photo Zoom for Facebookကို chrome မှာအသုံးပြုနည်း
ဒီ Add-on ကိုသိပြီးတဲ့သူငယ်ချင်းတွေလည်ရှိမှာပါ ဒါပေမယ့် မသိသေတဲ့ သူငယ်ချင်းတွေအတွက်ရည်ရွယ်ပြီး တင်လိုက်ပါတယ်။
Photo Zoom for Facebookကို chrome မှာအသုံးပြုလိုအပ်ပါက အောက်ပါလင့်မှာ သွာယူနိုင်ပါတယ်
https://chrome.google.com/webstore/detail/photo-zoom-for-facebook/elioihkkcdgakfbahdoddophfngopipi?hl=en
Image Zoom addonကို chrome မှာသွင်းနည်း
အထက်ပါလင့်ကိုသွာပြီးပါကအထက်ပါပုံအတိုင်း  ADDED TO CHROME ကိုနှိပ်လိုက်ပါ ။
ထို့နောက်ပေါ်လာသည့် Box မှာADDEDကိုနှိပ်ပါ အဲဒီနောက်  
အင်စတောသွင်းပြီးပါက Restartပေးစရာမလိုပဲ သွင်းပြီးတာနဲ့ ချက်ချင်း စတင်သုံးစွဲနိုင်ပြီးဖြစ်ပါတယ်..။
Image Zoom  chrome မှာaddon ပြန်ဖြုတ်နည်း
အကယ်လို့ မိမိသုံးရတာ မကြိုက်တော့ပါက Add no ကိုပြန်ဖြုတ်ခြင်းပါက အောက်ပါအဆင့်တိုင်းလုပ်ဆောင်လိုက်ပါ
ပထမအနေနဲ့
 chrome မှာရှိတဲ့ Settings ဆိုတာကိုနှိပ်ပါ (အောက်ပါပုံအတိုင်းလုပ်ဆောင်ပါ)
ဒုတိယအဆင့်အနေနဲ့
ပေါ်လာတဲ့ Box မှာ Extensions ဆိုတာကိုရွေးလိုက်ပါ ပြီးပါက စောစောက ကျနော်တို့ ပြန်ဖြုတ်လိုတဲ့ Add-on
ကိုရွေးပြီးပါက Remove လုပ်လိုက်ပါဒါဆို ပြန်ပြုတ်သွားပါပြီး
အဆင်ပြေကြပါစေဗျာ  ^_^