Friday 15 February 2013
အသံဖမ်းတဲ့ဆော့ဝဲ(အရမ်းကောင်းတာက အချိန်ဇယားနဲ့  ဖမ်းလို့ ရပါတယ် )
ဒီဆော့ဝဲလေးက ဖုန်းမှာထဲ့ထားရင် အသံဖမ်းစက်လိုပဲ အင်တာဗျူးတွေ လုပ်တဲ့အခါ
သုံးလို့ ရပါတယ် ။ ဖမ်းထားတဲ့အသံလည်း ကြည်လင်ပြတ်သားပါတယ် ။ထူးခြားမှုက
အချိန်ဇယား နဲ့  လုပ်လို့ ရတယ် ။ ဖုန်းမှာ နှိုးစက်ပေးသလိုမျိုး လုပ်ထားလို့ ရပါတယ်
အဲ့တော့ အခန်းထဲ ဖုန်းထားခဲ့ပီး အတင်းပြောမပြော စစ်လို့ တောင်ရသေးတယ်
ဒီဆော့ဝဲက အချိန်ဇယားဆိုတော့ ဥာဏ်ရှိသလိုသုံးကြည့် ။တကယ် မိုက်တယ်.....။
ဒီလင့်မှာ ယူပါ - https://play.google.com/ အသံဖမ်းဆော့ဝဲ
Android ဖုန်းသမားအားလုံးအတွက် အသုံးပြုနည်းအသေးစိတ် ရှင်းလင်းချက်
ဒီစာအုပ်က Android ဖုန်းသုံးသူတွေအတွက် Setting ပိုင်းကို အသေးစိတ်ရှင်းထားပီး
အရေးပါတဲ့ မသိမဖြစ်သိရမယ့် Setting ပိုင်းတွေကိုလည်း အကြောင်းရာ တစ်ခုချင်း
ပုံနှင်တကွ ရှင်းပြထားတာမို့  ဖုန်းစတင်သုံးစွဲသူတွေ ဖုန်းကိုင်ခါစလူတွေ ဖတ်သင့်
လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ပါ ။ ဖုန်းအမျိုးစား မတူသော်လည်း Android OS
သုံးထားတဲ့ ဖုန်းတွေ Tablet ,Note တွေမှာ Setting ပိုင်း သိပ်ပြီး ကွဲပြားမှုမရှိပါဘူး
ပြုပြင်ပုံနဲ့  အသုံးချပုံတူကြပါတယ် ။ Samsung ပဲသုံးသုံး ၊ HTC ပဲသုံးသုံး ၊ Huawei
Sony-LG-Motorola-စသဖြင့် Android Os တင်ထားတဲ့ ဖုန်းတိုင်းအတွက် အရေးပါ
အရာေ၇ာက်တဲ့ သိသင့်သိထိုက်သည်များကို အသေးစိတ်အခြေခံကျကျ ရေးပြပီး
ပုံတွေနဲ့ ရှင်းထားတာကိုတွေ့ ရပါတယ် ။ Android ဖုန်းသမားတွေ ကြုံရတဲ့ပြဿနာ
Root လုပ်နည်းတွေ ကောင်းကျိုးဆိုးကျိုး တွေကိုလည်း ရှင်းပြထားပါတယ် နောက်
Root လုပ်တာဟာ ဖုန်းရဲ့ Warranty ကို ပျက်စေတာကိုလည်း သတိပြုသင့်ပါတယ်
တချို့ ဆိုင်တွေကတော့ ပြန်လက်ခံတာလည်းရှိပါတယ်။ ဒါပေမယ့် Android သုံးသူ
ကိုင်ဆောင်သူတွေ ဘာလို့  Root လုပ်ချင်တာလည်းဆိုတာ သေချာ သိဖို့ လိုမယ်
အကြောင်းရင်း တစ်ခုကတော့ တချို့ App တွေဟာ Root လုပ်မှာသုံးလို့ ရတာကို
တွေ့ ရပါတယ် ။ ဟိုနေ့ က Screen Recoder တစ်ခုရှာတာ Root လုပ်တဲ့ ဖုန်းသာ
သုံးလို့ ရမှာဖုန်း ကိုယ့်ဖုန်းကို Root လုပ်သင့် မလုပ်သင့် စဉ်စားနေဆဲပဲရှိသေးတာ
Root လုပ်မယ်ဆိုရင်တော့ ကိုယ်က Admin နေရာရပြီး App တွေကို လိုအပ်သလို
သွင်းထုတ် လုပ်ခွင့်ရလာမယ် Programming ကို နားလည်သူ တစ်ယောက်ဆိုလျှင်
Mobile Os တစ်ခုလုံး ထိန်းချုပ်ခွင့်ရလာမယ် ။ ROM ကို Modify လုပ်နိုင်မယ်ဆို
ကိုယ်ပိုင် Setting တွေနဲ့  ကိုယ်ပိုင်ပုံပါတဲ့ Themes လှလှတွေ ပြင်နိုင်မယ်။နောက်
JAVA လေ့လာ ထားသူတွေအတွက် OS Management ကို ကောင်းကောင်းကြီး
လေ့လာသင်ယူ စမ်းသပ်ခွင့် ရပါလိမ့်မယ် ။ဒါပေမယ့် ဒီအပိုင်းဟာ သာမာန်သုံးသူ
လေ့လာသူအတွက် အန္တရယ်များလှသလို တစ်ခုခု မှားသွားရင် ဘာမှသုံးစားမရပဲ
Firmware ပြန်တင်ရတဲ့အထိ ဖြစ်သွားတတ်တာမို သတိထားသင့်ပါတယ် သို့ သော်
Root လုပ်ချင်တဲ့သူတွေအနေနဲ့ လည်း ဒီစာအုပ်မှာ Root လုပ်နည်း အမျိုးမျိုးကို
ရှင်းပြထားတာမို့  မည်သည့်ဖုန်းအမျိုးစားမဆို Android Mobile Os ဆို အဆင်ပြေ
လွယ်ကူစေမှာဖြစ်ပါတယ် သာမာန်လေ့လာသူတွေအနေနဲ့ လည်း ဖုန်းအကြောင်း
ပြုပြင်နည်း အသေးစိတ်ပါတာမို့ ဖတ်သင့်ပါကြောင်း အကြုံပြု မျှဝေလိုက်ပါ၏
ဒီလင့်မှာ Download ယူဖတ်ပါ - Android သမားတွေအတွက်နည်းပညာစာအုပ်
Subscribe to:
Posts (Atom)