Tuesday 30 October 2012
Mobile Guide journal Vol 1 Issue 76
 October 31ရက်နေ့ထုတ် Mobile Guide journal Vol 1 Issue 76 ပါ။
ဒီမှာ ဒေါင်းပါ အဆင်ပြေပါစေ...
Android Phone App & Game တွေကို ကွန်ပြူတာကနေသွင်းမယ်
ဖုန်းမှာ Error တခုခုကြောင့် ဒါမှမဟုတ် ဖုန်း Version နိမ့်တာကြောင့် Application တွေကို ဖုန်းကနေသွင်းလို့မရတဲ့လူတွေရှိမယ် ထင်ပါတယ်။
ဒါဆိုအရင်ဆုံး ဒါလေး ဒေါင်းထားလိုက်ပါ။ 
အဲဒီ အတွက်ဒီ application လေးကအသုံးဝင်မှာပါ။ ကွန်ပြူတာတော့လိုပါတယ်။ ဖုန်းကိုကွန်ပြူတာနဲ့ချိတ် သွင်းချင်တဲ့ apk လေးကို အခုပေးထားတဲ့ iapk Appliation 
လေးထဲဆွဲထည့်ရုံ(Drag)နဲ့သွင်းလို့ရပါတယ်။
Apps & Games သွင်းနည်း
အရင်ဆုံးဖုန်းကို ကွန်ပြူတာနဲ့ချိတ်ပါ။ ဒေါင်းထားတဲ့ထဲက iapk ဆိုတာလေး run လိုက်ပါ။ install apks ကိုနှိပ်ပါ။Drop apk HEREလို့အကွက်ပေါ်လာရင်သွင်းချင်တဲ့ app or game ကိုအဲ့အကွက်ထဲဆွဲထည့်ပါ။
အောက်ပုံ
သူဟာသူသွင်းပါလိမ့်မယ် install successful လို့ပေါ်ရင်သွင်းလို့ပြီးပါပြီ ဖုန်း app drawer ထဲမှာသွင်းလိုက်တဲ့ app လေးရောက်နေပါပြီ။
Friday 26 October 2012
Internet Journal Vol 13 Issue 41 Oct 25
 October 25ရက်နေ့ထုတ် Internet Journal Vol 13 Issue 41 ပါ။
အသစ်အသစ်သော နည်းပညာသတင်းများကိုဖတ်ချင်ရင်တော့ Internet ဂျာနယ်ကိုသာဒေါင်းပေတော့။
ဒီမှာ ဒေါင်းယူနိုင်ပါတယ်။ 
Tech Space journal Vol 1 Issue 30
  Tech Space journal Vol 1 Issue 30 လေးပါ။အောက်မှာဒေါင်းပါ။
ဒေါင်းရန်နှိပ်ပါ။
Mobile Guide Journal Vol 1 Issue 75
 October 24 ရက်နေ့ထုတ် Mobile Guide journal လေးပါ။
ဒီမှာ ဒေါင်းနိုင်ပါတယ်
စက်ရုပ် (Android) ပေါ်မှာ ဗေဒင်တွက်ကြမယ်
 Android Devices တွေမှာအသုံးပြုနိုင်မဲ့ ဗေဒင်တွက်တဲ့ဆော့ဝဲလ်လေးပါ။အောင်လံထူစစ်သူကြီးပွဲဆိုတဲ့ မဟာဘုတ်တိုင်ထူနည်းလေးပေါ်မှာ အခြေခံထားတာပါ။ကိုယ်က ဘာဖွားလဲ ပုတိလား ဘင်္ဂလား မရဏလား စသည်ဖြင့်တွက် ထုတ်ပြီးဟောပေးမှာပါ။ကိုယ် ဟာကိုယ်လက်တဲ့စမ်းဟောယုံသာမက သူငယ်ချင်းတွေကို
လဲ ဟောပေးလို့ရတယ်နော် လွယ်တာကလဲလွယ်မှလွယ် မွေးနေ့သိရုံနဲ့အဆင်ပြေပြေဟောလို့ရပါတယ်။
သုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းပါ။
Android မှာ 3G/4G ဖုန်းအင်တာနက် Speed မြှင့်ကြမယ်.
Android ဖုန်းနဲ့ အင်တာနက်သုံးတဲ့လူတွေအတွက်လာပြီနော် ဖုန်းအင်တာနက် speed ကိုလန်ထွက်အောင်လုပ်ကြမယ်
အရင်ဆုံးလိုတာလေးတွေက 3g/4g speed optimizer,script manager,3G turbocharger script ပါ။
 ဒီမှာ ဒေါင်းပါ....^_^
 အဲဒါလေးတွေအရင်ဒေါင်းထားလိုက်နော့်။
ဒေါင်းတဲ့လုပ်ငန်းပီးသွားပီဆိုရင်စကြတာပေါ့ အဲတစ်ခုရှိသေးတယ်။ 3g ကွန်ယက်ပြောင်းချိတ်ကဦးမယ်လေ ကွန်ယက်ပြောင်းဖို့  phone call pad ကနေ*#*#4636#*#* ရိုက်ပီးရင် Phone information>>preferr network ကို WCDMA only ပြောင်းပေးလိုက်ပါ။
နောက်တစ်ဆင့်ကတော့ 3g/4g speed optimizer ကိုဖွင့် network speed ကိုဒါလေး 12/28/7-max speed ရွေးပေးလိုက်ပါ ပီးရင် down speed increase ကို check လုပ်ပီး apply tweak နှိပ်ပေးလိုက်ပါ။ပြီးရင် restart တခါချပေးလိုက်။
ပြန်တက်လာရင် script manager ကိုဖွင့်ဒေါင်းတုန်းကရလာတဲ့  3g turbocharnger text ကိုရှာပါ sper user icon ကိုလဲ check လုပ်ပေးလိုက်ပါ။run ခလုတ်နှိပ်ပေးလိုက် ပါ fast,faster,fastest လို့ မေးလာရင်လို့ရိုက် fastest ကိုရွေးပြီး restart ချပေးလိုက်ရင်တော့ 3g speed ကိုမြှင့်လို့ ပီးပါပီ မြန်နှုန်းကိုတော့ ကိုယ်တိုင်ပြုလုပ်ခံစားကြည့်ကြပါတော့......
Monday 22 October 2012
ကလေးဝတွင် နှစ်သိန်းတန် GSM ဖုန်းများ ဆက်သွယ် မရ
 စစ်ကိုင်း တိုင်းဒေသကြီး ကလေးဝမြို့တွင် GSM ဖုန်း တာဝါ တိုင်များကို သြဂုတ်လအတွင်းက စတင် စိုက်ထူထား သော်လည်း ယနေ့အထိ GSM ကျပ် နှစ်သိန်းတန် ဖုန်းများ ဆက်သွယ် ပြောဆို၍ မရသေးကြောင်း အဆိုပါ ကလေးဝမြို့ ဒေသခံများက ပြောကြားသည်။
“တိုင်စထူပြီဆိုကတည်းက ဖုန်းဝယ်တာ အခုထိပြောလို့မရသေးဘူး။ ဘာကြောင့်လဲတော့မသိဘူး” ဟု ကလေးဝ မြို့ခံတစ်ဦးကဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကလေးဝမြို့ ဆက်သွယ်ရေးရုံးထံသို့ သွားရောက် မေးမြန်းရာ ကလေးဝမြို့နှင့် ကလေးမြို့ကို ဆက်သွယ်ထားသော ဖိုင်ဘာကြိုး တစ်နေရာ ပြတ်တောက်နေခြင်းကြောင့် ဆက်သွယ်၍ မရခြင်းဖြစ် ကြောင်း၊ အဆိုပါ ကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ လိုင်းကြိုး ပြတ်သောနေရာကို သိရှိနိုင်ရန် စမ်းသပ်သည့် ကိရိယာ မရှိသေးသောကြောင့် စမ်းသပ် မရသေးခြင်း ဖြစ်ကြောင်း အဆိုပါ ဆက်သွယ်ရေးရုံး တယ်လီဖုန်း တာဝန်ခံက ပြန်လည်ဖြေကြားသည်။
ကလေးဝမြို့တွင် GSM ဖုန်း လိုင်းမိသော ကျေးရွာ လေးရွာသာရှိပြီး ချင်းတွင်းမြစ် အထက်ပိုင်း မော်လိုက်၊ ဟုမ္မလင်းနှင့် ခန်္တီးမြို့တို့တွင် GSM ဖုန်းလိုင်း အဆင်ပြေစွာ အသုံးပြု၍ ရကြောင်း အဆိုပါ ဆက်သွယ်ရေးရုံးထံမှ စုံစမ်းသိရှိရသည်။
မြတ်(ကလေး)
မူရင်းသတင်း----THE VOICE JOURNAL
Monday 15 October 2012
Samsung Galaxy Mini S5570 ကို Rootလုပ်မယ်,Unroot & CWM သွင်းမယ်
 Root Process
  •  အရင်ဆုံး လိုအပ်မည့် ဖိုင်ကို ဒီမှာ ဒေါင်းလိုက်ပါ။
  •  ရလာသော update.zip ကို SD card ထဲကူးထည့်ပါ။
  •  ပြီးနောက် SD ကို ဖုန်းထဲပြန်ထည့်ပြီး ဖုန်းကို Power ပိတ်လိုက်ပါ။
  •  Recovery mode ထဲဝင်ရန်အတွက် Vol up+Home+Power ကို ခဏတွဲနှိပ်ထားပါ။
  • သူဟာသူ Run ပါလိမ့်မယ်။ Run ပြီးသွားရင်တော့ Reboot system now ကိုရွေးပေးလိုက်ပါ။ Root လို့ ရသွားပါပြီ။  ဤနည်းသည်Android version 2.3...(Gingerbread) အတွက်သာဖြစ်သည်။
For Android version 2.2..(Froyo)
  • Android version 2.2..(Froyo) သုံးထားသော Samsung Galaxy Mini ကို Root ရန်အတွက် Z4root.apk ကို ဒီမှာ ဒေါင်းပါ။
  • ဒေါင်းလို့ ရလာသော Z4root.apk ကို ဖုန်းတွင် Install လိုက်ပါ။ ထိုသွင်းထားသော Z4root ထဲဝင်၍ Parmanent root ကို နှိပ်ပါ။ စ၍Root ပါလိမ်မည်။ Restart ကျ ပြီးသွားရင် Root လို့ ပြီးပါပြီ။
Unroot Process
  •  အကြောင်းအမျိုးမျိုးကြောင့် Unroot ပြန်လုပ်ချင် သူများ Unroot လုပ်ရန်အတွက်လိုအပ်သောဖိုင်ကို ဒီမှာ ဒေါင်းပါ။
  •  ဒေါင်း၍ ရလာသော ဖိုင်ကို SD card ထဲထည့်၍ Root process အတိုင်း Recovery mode မှ ၀င်၍လုပ်ဆောင်ပါ။ ဖိုင်ရွေးသောအခါတွင် ဒေါင်း၍ရလာသောဖိုင်အမည်ကို ရှာရွေးပေးလိုက်ပါ။
ClockWorkMod Recovery (CWM) သွင်းနည်း
  • CWM သွင်းရန်လို အပ်သောဖိုင်ကို ဒီမှာ အရင်ဒေါင်းပါ။
  • ရလာသောဖိုင်ကို SDcard ထဲကူးထည့်ပါ။ထို့ နောက် Root process မှနည်း အတိုင်း Recovery Mode>>apply update from sdcard>>ဒေါင်း၍ရလာသောဖိုင် ကိုရွေးပေးလိုက်ပါ။ CWM ရပါပြီ။
Power Amp MusiZ player Full Version
Android music player ထဲမှာနာမည်ကြီးတဲ့ Poweramp Music player ပါအရင် trial version သုံးဖူးတဲ့လူတွေလဲသူ့ ကောင်းကြောင်းသိကြမှာပါ။အရမ်းမိုက်တဲ့ အသံထွက်စနစ်နဲ့ ဆိုတာကို သုံးကြည့်ရင်သိမှာပါ။အဲသူကဒီအတိုင်းတော့ သွင်းလို့ မရဘူးဗျ သွင်းနည်းရှိသေးတယ်လွယ်ပါတယ်။ အရင်ဒေါင်းလိုက်ဦးနော့်>>PowerAmp ယူရန်။
ဒေါင်းလို့ ပြီးပြီဆိုရင်တော့စမယ်ဗျ။အရင်ဆုံးဒါင်းလို့ ရလာတဲ့ Zip ထဲကဟာလေးတွေကိုဖုန်းမှာ install ထားလိုက် install လို့ ပြီးရင်တော့ Lucky Patcherဆိုတဲ့ App လေးထဲဝင်ရင်ကို သွင်းထားတဲ့ Poweramp လေးကိုမြင်ရမှာပါ။အဲဒီ poweramp icon လေးကို ခဏဖိထားပေါ်လာတဲ့ ထဲက custompatchကိုရွေး နောက်တစ်ခုပေးလာရင် patch.by.sanx_com.maxmpz.audioplayer ကိုရွေးပေးလိုက်ပါ။ Full version Poweramp လေးရပြီနေ
မြန်မာလိုမြင်ရမဲ့ မြန်မာ Go Locker
 မြန်မာGo lockerလေးလာပါပြီ Go launcherနဲ့ တွဲသုံးရတဲ့ ဟာလေးပါ။ဒါကို သုံးချင်တယ်ဆိုရင်တော့ Go launcher လေးအရင်သွင်းထားလိုက်ပါ။ ကိုယ့်ဖုန်းကိုသူများယူမသုံးအောင်Lock ကိုကောင်းကောင်းသုံးချင်တဲ့လူတွေ အတွက် Locker လေးပါ။ သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်က Links လေးတွေမှာဒေါင်းပါ။
ဒီမှာ (Mediafire) OR ဒီမှာ (Dropbox)
Mobile Guide Journal vol 1 Issue 71 (26 sept)
 Sept 26 ထုတ် Mobile Guide Journal Vol 1 Issue 71 ပါ။အောက်မှာဒေါင်းယူပါ။
ဒေါင်းရန်။
Thursday 11 October 2012
Angry Bird Seasons 2.5.0
     ကဲ  လေးခွ ပစ်ချင်တဲ့ ကိုကို မမ တို့ ရေ Angry Bird Seasons လေးလာပြီနော်။
 Angry Birds Seasons 2.5.0 screenshot 0
 ဆော့ချင် ရင်တော့ ဒီမှာ ဒေါင်း။
< ဒီမှာကတော့ Bar Code သမားတွေအတွက်
Free Website တစ်ခုတည်ဆောက်ခြင်း
Website တစ်ခုကို ကိုယ်တိုင်တည်ဆောက်ချင် သူများလေ့လာသင့်တဲ့ ကိုယ်ပိုင် Websites တည်ဆောက် နည်း စာအုပ်လေးပါ။ ဒီမှာ မှာဒေါင်းပါ
ကိုယ်ပိုင် စာတွေရေးတာပဲ ဖြစ်ဖြစ်ဝါသနာပါလိုပဲဖြစ်ဖြစ် website တည်ဆောက်နည်း စာအုပ်လေးပါ။
ကျေးဇူးတင်ပါတယ် အဆင်ပြေကြပါစေ။
Root(rooting) လုပ်တယ်ဆိုတာဘာလဲ?
Root(rooting) လုပ်တယ်ဆိုတာဘာလဲ?
Rooting ဆိုတာကတော့ Android user တွေအတွက်တော့ မစိမ်းပါဘူးရင်းနှီးပြီးသားပါ။ဒါပေမဲ့မသိတဲ့လူတွေလဲ
ရှိသေးတာပေါ့  နော့်။ အဲ Rootလုပ်တယ်ဆိုတာကို မြန်မာမှု ပြု ကြည့်မယ်(လွယ်လွယ်ဘာသာပြန်မယ်)ဆိုရင်တော့
အမြစ် တူးခြင်းပေါ့ ဗျာ ။အဲ ဒါနဲ့  အမြစ်တူးတယ်ဆိုလို့  ပေါက်တူးယူပြီး ကိုယ့်ဖုန်းကိုယ် မစမ်းနဲ့ ဦး..ဆက်မယ်
Root လုပ်ရင်ဘာကောင်းလဲ?
Root လုပ်ရင်ဘာကောင်းလဲဆိုရင်တော့ တော်တော်ကောင်းပါတယ်။ root လုပ်လိုက်တဲ့အတွက်Systemတစ်ခုလုံးကို
ကဲဒီလောက်ဆိုရင်တော့ အမြစ်တူးခြင်းအကြောင်းသိ ပြီထင်တယ် နော်။
ဘယ်ဖုန်းကို ဘယ်လို Root မလဲဆိုတာတော့ သက်ဆိုင်ရာ root နည်းလေး တွေ ရှာဖတ်ကြည့်လိုက်တော့နော် ။
Unroot လုပ်တယ်ဆိုတာကတော့ ဖုန်းရဲ့ Warranty ပြန်ရအောင် Root လုပ်ထားတာကိုပြန်ဖျက်ခြင်းဖြစ်ပါတယ်။
Android ဖုန်းတစ်လုံး Root မလုပ်ခင်သတိပြုသင့်သည့်အချက်များ
  •  ကွန်ပျူတာတွင် Android ADB Driver ရှိရန်လိုအပ်ပါသည်။
  •  သက်ဆိုင်ရာဖုန်း Driver ကိုကွန်ပြူတာတွင် Install ထားပါ။
  •  System Settings  >Applications >Development >Usb debugging ကို ON ။ 
  •  System Settings>Applications>Unknown Sources ကို ON ။
  •  System settings>Fastboot ကို Off ရန် ။
Network အသုံးပြုနည်းလက်စွဲ
Network အသုံးပြုနည်းလက်စွဲ စာအုပ်လေးမှာတော့
  • Network ချိတ်ဆက်ခြင်း၊ Network card တပ်ဆင်ခြင်း၊ Sharing လုပ်ခြင်း၊ Server computer ပြုလုပ်ခြင်း၊ Internetလိုင်းတစ်လိုင်းကို Computer များခွဲဝေသုံးစွဲနိုင်အောင်ပြုလုပ်ခြင်း စသည့်သင်ခန်းစာများ အပြင် နောက်ထပ် သင်ခန်းစာ အများပြားပါဝင်ပါတယ်။ အဲဒီ စာအုပ်လေး ဒေါင်းပြီးဖတ်ချင်တယ် ဆိုရင်တော့။    ဒီမှာ ဒေါင်းပါ။
သူငယ်ချင်း ချစ်
.....သူငယ်ချင်းချစ်.....
ကိုယ့်နှလုံးသား ကိုယ်မယုံလို့
ဖွင့်မပြောရဲတဲ့ လူတစ်ယောက်လို
တစ်ရက်ပြီး တစ်ရက်
ဦးနှောက်နဲ့ စီးချင်းထိုးပြီး
သက်ပြင်းတွေနဲ့ ဆွံ့အခဲ့
ငါတို့ရဲ့ ခင်မင်မှုဟာ
ငါ့စကားတစ်ခွန်းနဲ့ ပြီးပြတ်သွားမှာလား
ဒွိဟ အတွေးတွေနဲ့
လွန်ဆွဲနေတဲ့ ငါ့နှလုံးသားဟာ
မင်းကိုရှောင်ဖို့ ကြိုးစားတိုင်း
နာကျင်နေခဲ့တာ မင်းသိခဲ့ရင်
ငါ့ကို ပြန်ချစ်မှာလား ချန်ခဲ့မှာလား
သူငယ်ချင်းဆိုတဲ့ အသိနဲ့ ထိမ်းချုပ်ထားလို့
ငါ့နှလုံးသားလည်း မောပန်းပြီး
ရင်ပွင့်ထွက်တော့မယ်
မင်းကို................
ㅍㅊㅎ KTLAYㅎㅊㅍ
14/08/2012
မြန်မာဖောင့် KeyBoards For Android
 Frozen Keyboard ကိုတော့ ဒီမှာ ဒေါင်းပါ။     
ဒါက itextmm keyboard လေးပါ။  ဒီက ယူပါ။                                 
ဒါလေးကတော့ Myandroid Soft Keyboard လေးပါ။ ဒီမှာ ယူပါ။
အသစ်ထွက် iTextmm slide keyboard လေးကိုတော့ ဒီမှာ ဒေါင်းပါ။
ဒီမှာ ကတော့ ရန်ကုန် ကီးဘုတ် ပါ။
ဒါကတော့ မြန်မာကီးဘုတ် ပါ။ ဒီမှာ ပါ။
Keyboard ပြောင်းလဲ အသုံးပြုနည်း
Keyboards တွေပေးတာတော့ဟုတ်ပါပြီ။အသုံးပြုနည်းလဲပေးဦးမှပေါ့ နော်။ အရင်ဆုံး ကိုယ်သုံးချင်တဲ့ Keyboard လေးဒေါင်းပြီးတော့ Install ထားလိုက်၊ ပြီးရင် Phone Setting >Language & Keyboard (Or) Locale & Text ကနေကိုယ် အသုံးပြုမယ့် Keyboard လေးကို အမှတ်သွားခြစ်ထားလိုက်ဦး။နောက် စာရိုက်လို့ ရတဲ့ နေရာတစ်နေရာမှာ စာရိုက်တဲ့နေရာလေးကို ခဏဖိထား လိုက် ဟောပေါ်လာ ပြီဆိုရင် Input methodကနေ ကိုယ်သုံးမယ့် Keyboard ကိုအမှတ်ပေးလိုက် ဒါဆိုရင်တော့ မြန်မာစာ Keyboard သုံးလို့ ရသွားပြီနော်၊
Huawei U9200 Ascend P1 ကို JellyBean (B508 4.1.1) ကျွေးကြမယ်
 Huawei U9200 Mobile Handset. Do not try on the Other Variants of Verizon and Sprint.
Rom က Official နဲ့  Custom နှစ်ခုတောင်နော်
အခု ဒီ Roms လေးတွေကို Huawei U9200 မှာတင်ပြီးလန်းရမယ့်နည်းလေးပြောမှာပါ။
အရင်ဆုံးလိုအပ်တဲ့ ဖိုင်လေးတွေ ကိုအောက်မှာ ဒေါင်းထားလိုက်ပါ။
Rom မတင်ခင် လက်ရှိ Stock Rom လေးကို ClockWorkMod(CWM) Recovery ကနေ Backup လုပ်ထားလိုက်ဦးနော်။ CWMသွင်းနည်းအောက်ကလင့်တွင်လေ့လာနိုင်သည်။
CWM သွင်းနည်း   
လိုတာတွေရပြီဆိုရင်တော့ စမယ်နော်
Official Rom တင်နည်း
ဒေါင်းထားတဲ့ Zip ဖိုင်သုံးဖိုင်ကို Floder တစ်ခုဆောက်၍ဖြည်ထားပါ။ဖြည်ပြီးရလာတာလေးတွေကို dload နာမည်နဲ့Floder ပြုလုပ်၍ပြီးထည့်ထားပါ။
ထို dload ဖိုင်ကို SD card အလွတ်ထဲထည့်ထားပါ။SD card ကိုဖုန်းထဲထည့်ပါ။ဖုန်းကို Battery ၁၅စက္ကန့် လောက်ဖြုတ်ပြီးပြန်တပ်ပါ။
ပြီးရင် Vol Down+Up+Power ကိုတွဲနှိပ်ဖိပေးလိုက်ပါ။Rom ကိုစတင်ပါလိမ့်မယ်။Reboot ခဏခဏဖြစ်ပါမယ် နောက်ဆုံးပြန်တက်လာတဲ့အချိန်မှာတော့Jelly Bean နဲ့ လန်းနေတဲ့ U9200 လေးရပါပြီ။
Custom Rom တင်နည်း 
Custom Rom တင်ဖို့ အတွက်အဓိကလိုတာကတော့ CWM ပါပဲ။အရင်ဆုံး CWM သွင်းနည်းလေ့လာပြီး CWM သွင်းထားလိုက်ပါ။
ပြီးရင်ဒေါင်းလို့ ရလာတဲ့ ဖိုင်သုံးခုကိုအပေါ်ကနည်းအတိုင်း Floder တစ်ခုထဲတွင်ဖြည်လိုက်ပါ Floder တစ်ခုထပ်ရလာပါမယ် အဲ့ Floder ထဲက Zip ဖိုင်ကိုSD Card ထဲကူးထည့်ပါ။
ဖုန်းကို Power ပိတ်၍ CWM ထဲဝင်၍ install zip from SD>>choose zip from SD ကနေခုနကသွင်းထားတဲ့ Zipကိုရွေးပေးလိုက်ပါ။ပြန်တက်လာရင်တော့ 4.1.1 လေးနဲ့ လန်းနေပါပြီ။
မြန်မာဖောင့်သွင်းဖို့ အတွက်ကတော့ Custom Rom တင်မယ်ဆို FontChanger လေးသုံးယုံပါပဲ။
Official ဆိုရင်တော့ Root ပြန်လုပ်ရပါမယ်။ ဒါလေး နဲ့ စမ်းကြည့်ပါ 
7Days News App For Android
Android ဖုန်းပေါ်ကနေဖတ်ချင်သူတွေအတွက်  7DaysNews.apkလေးပါ။
သတင်းတွေကို ဂျာနယ်ဝယ်စရာမလိုဘဲဖတ်လို့ ရတဲ့အတွက်မိုက်ဒယ်နော်။လိုချင်ရင်ဒေါင်းယူသွားနော်။
Monday 8 October 2012
ဖုန်းတွေ Internet သုံးလို့ ရအောင် AccessPoint ဖြည့်မယ်
အင်တာနက်သုံးလို့ ရအောင်လို့ ရေးထားလို့ အလကားသုံးရမှာ မဟုတ်ဘူးနော် Internet သုံးဖို့  MPT မှာအရင်လျှောက်ထားဦး ၂ ရက်လောက်တော့စောင့်ရမယ်ထင်တယ်။ဟိုကမဖွင့်ပေးခင်လိုတာလေးတွေဖြည့်ပေး ထားကြတာပေါ့။ အခုဟာကရှင်းရှင်းပြောရင် Internet settingဖြည့်နည်းပေါ့ဗျာ။ဖုန်းတွေက အမျိုးအစားမတူတော့ ဖြည့်နည်းတစ်ခု နဲ့ တစ်ခုနည်းနည်းတော့ ကွာတာပေါ့ ဒါပေမဲ့ အကုန်လုံးက APN(Accesspointname)ဖြည့်ရတာပါပဲ။ဖုန်းတစ်မျိုးနဲ့ တစ်မျိုး မတူပေမဲ့ ဖြည့်ရမှာတွေကတော့ တူတူပါပဲ အဲ CDMA နဲ့ GSM ဖြည့်ရမှာလေးတွေနည်းနည်းမတူဘူးနော်။
APN မှာ ဖြည့်ရမဲ့ ဟာလေးတွေက
GSM/WCDMA ဆိုရင် >>Name- mptnet,APN-mptnet,MCC-414,MNC-01,Authentication-None
CDMA ဆိုရင်>>Name-mpt,APN-#777,Username-mpt@c800.com
အခု ဥပမာအနေနဲ့  Samsung Galaxy မှာထည့်နည်းကိုပြပေးပါမယ်။အောက်မှာပုံလေးတွေနဲ့ ကြည့်ပါ။
အရင်ဆုံး Setting ထဲဝင်ပြီး (ပုံ ၁)ထဲကအတိုင်း Wireless and Networks ကိုနှိပ်ပါ။ Wireless & networks ထဲရောက်ရင် Mobile networkကိုထပ်ဝင်ပါ။(ပုံ ၂)။ နောက်ပြီး(ပုံ ၃) ထဲကအတိုင်း Access Point Names ကိုဝင်ပါ။ ပြီးရင် Menu ခလုတ်နှိပ်ပြီး New APN ကိုနှိပ်ပါ (ပုံ ၄)ကိုရောက်သွားပါမယ်။
ဖုန်းအမျိုးအစား၊မော်ဒယ်လ် အလိုက် ကြည့်လိုပါက ဒီကို သွား၍ မိမိ ဖုန်းအမျိုးအစားကိုရှာ Menual configuration ကိုနှိပ်၍ ကြည့်နိုင်သည်