Sunday 30 September 2012

မြန်မာပြည်မှာလည်း စာတိုက်ပုံစနစ် မေးလ်pop3 သုံးနိုင်ပြီ


မြန်မာပြည်မှာလည်း စာတိုက်ပုံးစနစ် မေးလ် POP 3 သုံးနိုင်ပြီ
 လောကဓာတ်ခန်း သာဂိ၊ စက်တင်ဘာ ၃၀၊ ၂၀၁၂
စာတိုက်ပုံးစနစ်ကဲ့သို့သော မေးလ်စနစ် post office protocolကို မြန်မာနိုင်ငံတွင် ယခင်က သုံးစွဲမရပဲဖြစ်နေရာမှ နည်းပညာပိတ်ဆို့မှုအချို့ကို ဖွင့်ပေးလိုက်သဖြင့်  ယခုအခါ မြန်မာအင်တာနက် သုံးစွဲသူများ မိုက်ခရိုဆော့ဖ် outlook express ကဲ့သို့သော ဆော့ဖ်ဝဲများကို သုံးစွဲနိုင်ပြီဖြစ်သည်။
မည်သည့်နေ့ရက်က ပိတ်ဆို့မှုများအား ဖွင့်ပေးလိုက်သည်ကို အတိအကျမသိရှိရသေးပေ။    ယခုရက်ပိုင်း အတွင်း အင်တာနက် လွတ်လပ်မှုနှင့် ပတ်သက်သည့် freedom house အဖွဲ့အစီရင်ခံစာထွက်ရှိလာပြီး ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ သုံးစွဲနိုင်ခြင်းဖြစ်သည်။
POP 3 ဟုနည်းပညာအခေါ်အဝေါ်အရ ခေါ်ဆိုသည့် စနစ်မှာ မိမိ၏ အီးမေးလ် ဆာဗာမှ စာများကို မိမိကိုယ်ပိုင်သုံးစွဲသည့် ကွန်ပျူတာ ထဲသို့ ဆွဲယူထားရှိမည်ဖြစ်၍ အော့ဖ်လိုင်း (offline) ဖြစ်နေချိန်တွင်လည်း ၀င်ပြီးသား စာများ၊ တွဲလျက်ဖိုင်များကို ဖတ်ရှုနိုင်မည်ဖြစ်ကာ ၊ ပေးပို့လိုသည့် စာများကိုလည်း ရေးသား ပြင်ဆင်ထားနိုင်ပြီး online ချိတ်ဆက်ချိန်တွင် အလိုအလျောက်ပို့ပေးသည့် စနစ်ဖြစ်သည်။
မြန်မာတယ်လီပို့၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (အမ်ပီတီ)တို့တွင် .com.mm  လိပ်စာများဖြင့် ယင်းစနစ်ကို ယခင်ကတည်းက သုံးစွဲနိုင်ခဲ့သော်လည်း ၊ မြန်မာပေါ်တယ်အား လုံခြုံရေးအရ စိတ်မချခြင်းနှင့် လူသုံးများသည့် Gmail , Yahoo, Hotmail ကဲ့သို့သော မေးလ်များကို သုံးစွဲခွင့်မရရန် နည်းပညာအားဖြင့် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
ယခု POP 3 စနစ်က မေးလ်ကို မိမိကိုယ်တိုင် အမြဲသုံးစွဲသည့် ရုံးသုံး၊ အိမ်သုံး ကွန်ပျူတာများတွင် ထည့်သွင်းသုံးစွဲရန် သင့်တော်ပြီး အများသုံး အင်တာနက်ဆိုင်များတွင် သုံးစွဲရန်မသင့်တော်ပေ။
မြန်မာဖောင့်ဖြင့် မေးလ်ပို့သူ လက်ခံသူများအနေဖြင့် မိုက်ခရိုဆော့ဖ် office outlook ထက် Mozilla Thunderbird ဆော့ဖ်ဝဲက ပိုမိုပြီး အဆင်ပြေကြောင်း နည်းပညာကျွမ်းကျင်သူများက အကြံပြုပြောဆိုသည်။ POP 3 နည်းပညာ ဆော့ဖ်ဝဲ အများအပြားရှိရာတွင် မိုက်ခရိုဆော့ဖ် outlook မှာ office နှင့်တတွဲထဲ တွဲလျှက်ပါရှိသည့် ဆော့ဖ်ဝဲဖြစ်သည်။ 
ယခုလ ၂၄ ရက်နေ့က နိုင်ငံတကာ အင်တာနက်နှင့် လွတ်လပ်စွာပြောဆိုခွင့် ဆိုင်ရာ  Freedom House အဖွဲ့ ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်ကထက် တိုးတက်မှုရှိလာသော်လည်း အင်တာနက် လွတ်လပ်ခွင့်မရှိသေးသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်ကိုတွေ့ရသည်။ 
ပြီးခဲ့သည့်နှစ်က ပိတ်ပင်ထားသည့် ၀က်ဆိုက်အများအပြား ဖွင့်ပေးလိုက်သော်လည်း  အင်တာနက်အတွက် ကုန်ကျစရိတ်များပြားနေခြင်း က လူတိုင်း သုံးစွဲနိုင်ရန်အခြေအနေတွက် အတားအဆီးများ ဖြစ်နေသည်ဟု ယင်းအစီရင်ခံစာတွင် ဖေါ်ပြထားသည်။
 မိုးမခ သတင်း...

Saturday 29 September 2012

ဖုန်းအရှုပ်တော်ပုံ ( ဟာသ )


“ဟယ်လို…မိန်းမလား”……
“ရှင်……….”
“မိန်းမလား………လို့…..”
“မဟုတ်ပါဘူးရှင်…ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ”
… “သြော်…အေးအေး…မင်းမမလေးကော….ရှိလား”
“ဟုတ်…”
“ခေါ်ပေးကွာအရေးကြီးလို့”
“..ရှင်…မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး”
“ဘာ…..သူ.ယောင်္ကျားနဲ့ဟုတ်လား…”
“အင်းလေ..ဟုတ်ဘူးလား”
“ဒီမှာငါကမှ..သူ.ယောင်္ကျား…မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်…
ခုလင်ငယ်နဲ့အိပ်နေတယ်ပေါ့………
တောက်…သေမယ့်သာမှတ်…
ဟေ့…ဟေ့..ဒီမှာ…မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော အကောင်ကိုကော..သတ်ပစ်စမ်းကွာ..”
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ…..
“ရှင်..!!!! …မ…မ..လုပ်ပါရစေနဲ့ရှင်”
“တောက်…နင်ပါသေချင်လို့လား…ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်…နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်…နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား…ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း”
“ဟို… ဟိုလေ…….”
“ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား”
“မဟုတ်ပါဘူးရှင်….သ.သ..သွားပါ့မယ်……….”
ခဏအကြာ….ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
“ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်…..”
“အေး…ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး…အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော..”
အနည်းငယ်ကြာပြီးနောက်…..
“ပြီးပြီ…ဆက်ပြော…”
“ပြီးရင်….အိမ်ရှေ့ကရေကန်ထဲခဏချထား…ငါပြန်လာမယ်…ကြားလား”
“ရှင်…ဘာကြီး……….”
“ရေကန်ဟေ့…ရေကန်…နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ”
“ဟို..ဟိုလေ…အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်”
“ဘာ…ဟုတ်လို့လား”
“ဟုတ်….ဟုတ်…”
“ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်…”
“09402575***** လေ….”
“ဗျာ……အဟင်း..ဘယ်လိုပြောရမလဲ…..sorry့ နော်…….
ဟို..ဟိုလေ…ဟို..ဗျာ…ဟို…
phone မှားသွားလို့…..ဗျ….ဟုတ်……ဒါပဲနော်”….
……….တဲ့….(..တေပီ..)
ရီမောပျော်ရွင်ပါစေ

Friday 28 September 2012

အထက်တန်းကျကျရေ



အချစ်ရေ
ညစ်ညမ်းတဲ့ လမ်းမများနဲ့
ငါ့ရဲ့ ကျမ်းမာရေးအတွက်
လက်ဖက်ရည်တစ်ခွက်သာ
သစ္စာရှိခဲ့ပါစေတော့
ဆဟာရကို
အဟာရလို့ထင်တယ်..

အဲသည်လိုနဲ့...
မပျော်ရွှင်တဲ့ ကော်ဖီတစ်ခွက်အတွက်
လက်ဆောင်တွေ ပေးခဲ့ပြီး..

အဲသည်လိုနဲ့...
ရူးသွပ်နေတဲ့ နွေဦးလေအတွက်လည်း
အိမ်မက်လှလှတစ်စုံ
လုံခြုံစွာ ပေးပို့လိုက်ပြီ..

အဲသည်လိုနဲ့...
လေကခြွေချသွားတဲ့
မသေချာမှုတွေအတွက်
သီချင်လက်ဆောင် ပေးပို့ခဲ့ပြီ..

အဲသည်လိုနဲ့...
နှင်းမရှိတဲ့ ဆောင်းအတွက်လည်း
ကောင်းကင်တစ်ခုပေးခဲ့ပြီ..

အဲသည်လိုနဲ့...
ဘ၀အတွက်
ဇလဗေဒ အချက်အလက်တွေလည်း
ဆက်လက်ဆုဆောင်းခဲ့ပြီလေ....

                                                               ktlay..29/09/2012


လူတစ်ကောက်ရဲ့ ဒုက္ခနှစ်မျိုး

လောကကြီးထဲမှာ လူတယောက်အဖြစ်နဲ့မွေးဖွားလာရင် လူတွေနဲ့ မဆက်ဆံလို့မရဘူး အဲဒီလိုလူတွေနဲ့ ဆက်ဆံတဲ့
အခါမှာ အဆင်ပြေဖို့အရေးကြီးပါတယ် လူတွေမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့ ဒုက္ခက တစ်မျိုး
တစ်ယောက်နဲ့ တယောက် ပြောဆိုရတာ အဆင်မပြေလို့ စိတ်ဆင်းရဲရတဲ့ ဒုက္ခက တစ်မျိုး အဲဒီ ဒုက္ခ နှစ်မျိုးမှာ.......
ဘယ်ဒုက္ခက ပိုကြီးသလဲဆိုရင်
စားဝတ်နေရေးက ကြိုးစားရုန်းကန်ရင် အထိုက်အလျှေက်တော့ ဖြစ်သွားတာပါပဲ ပင်တော့ပင်ပန်းကြပါတယ်။
တချို့ဆို စားဝတ်နေရေးတော်တော် ကျပ်တည်းကြပါတယ်
ဒါပေမဲ့ သေချင်လောက်အောင် စိတ်ဆင်းရဲရတာ စိတ်ညစ်ရတာမျိုးဆိုတာ စားဝတ်နေရေးကြောင့်ဖြစ်တာ
နည်းပါတယ် သေချင်လောက်အောင် စိတ်ဆင်းရဲရတာမျိုး အများဆုံးဖြစ်တာ ဆက်ဆံရေး ပြောရေး ဆိုရေး
အဆင်မပြေလို့ပါပဲ ဒါကြောင့်
လူအချင်းချင်း ဆက်ဆံရေးကို တော်တော်လေး သတိထားဖို့လိုတယ်
အလေးထားဖို့လိုတယ်
တန်ဖိုးထားဖို့လိုတယ်
ဒါကိုနားလည်ဖို့လည်းလိုတယ်
ပညာရပ်တခု အနေနဲ့ လေ့လာဖို့ အင်မတန်သင့်တဲ့ ကိစ္စတစ်ခုပါ
ဒါကိုဘယ်ကျောင်းမှာမှ သင်မပေးဘူး ကိုယ့်ဘ၀မှာ အစစ အရာရာ အဆင်ပြေဖို့ အရေးကြီးဆုံးအချက်ဟာ ဆက်ဆံ
ရေး ကောင်းဖို့ပါပဲ ဆက်ဆံရေးမကောင်းရင် ကြီးပွားတိုးတက်ရေးမှာ အခက်ခဲများမယ်
တခြားအရည်ချင်းတွေ ဘယ်လောက်ရှိရှိ ဆက်ဆံရေးမကောင်းရင် မကြီးပွားနိုင်ဘူး ဆက်ဆံရေးကောင်းဖို့ဆိုတာ
စိတ်နေသဘောထား မျှတမူ ကိုယ်ချင်းစာနာမူ့ ရှိရုံလောက်နဲ့ မရသေးဘူး အပြောအဆိုပြေပြစ်ဖို့ ပြတ်သားဖို့လဲ
လိုတယ် ဒါကြောင့် ပြောပုံဆိုပုံ သေချာလေ့လာရမယ် နောက်ပြီး လူလူချင်းဆက်ဆံတဲ့ အခါမှာ
ငါ သူတပါး ယောင်္ကျား မိန်းမ မခွဲရဘူး အဆင့်အတန်း မခွဲရဘူး ဂုဏ်ဒြပ်တွေနဲ့မကြည့်ရဘူး အဲဒီလို အစွဲတွေ
ကင်းပြီး ဆက်ဆံတတ်ရင် လူ့ဘ၀ဆိုတာ ပျော်စရာကြီးပါ ဒါကြောင့် စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းအပေါင်း
ပျော်ရွှင်စွာနဲ့ လူ့ဘ၀ကြီးကို ဖြတ်သန်းနိုင်ကြပါစေလို့ တောင်းဆု ပြုလျှက်...

                                           
                                                                                                  ktlay..28/09/2012 

Thursday 27 September 2012

အစက ပြန်စကြရအောင် သူငယ်ချင်း


 အစက ပြန်စကြရအောင် သူငယ်ချင်း 

အပေါ်ယံက ပြုံးပြနေလည်း မင်းစိတ်ထဲမှာ ဘာရှိတယ်ဆိုတာ ငါသိတယ်။
ဟန်ဆောင်ကောင်းလှပြီလို့ ကိုယ့်ကိုကိုယ် ထင်မထားနဲ့။ မင်းကို ကြည့်ရတာ
ပင်ပန်းလို့ပါ။ ခဏလောက် မျက်နှာဖုံးလေးကို ခွာပြီး အနားယူပါဦးလား။
မင်းတပ်ထားတဲ့ သံသယမျက်မှန်ကြီးကို ဖယ်လိုက်ပါဦး။ မင်းဘေးနားက လူတွေဟာ
မင်းထင်တာထက် အများကြီး ပိုကောင်းပါတယ်။


ကိုယ့်အတွက် အသုံးကျမယ့်လူကို ရွေးပေါင်းပြီး ကိုယ့်အတွက်
အသုံးမကျတဲ့လူကိုတော့ ဖယ်ချန်ထားတာ.. မင်းမှာ လူသားဆန်တဲ့စိတ်ရှိရဲ့လား..
တရားမျှတရဲ့လား။ ကိုယ့်ကိုကိုယ် မေးကြည့်ပါဦး။ မင်းကိုမင်း လည်လှပြီလို့
မင်းထင်နေလား။ ဒါဆို မင်းမှားမှာပေါ့။ လူတိုင်းကို လျှော့တွက်လို့မရဘူး။
လူတိုင်းမှာ သူ့ကိုယ်ပိုင် အရည်အချင်းရှိတယ်ဆိုတာ မင်း
မေ့မထားစေချင်ဘူး..။


အတ္တတွေ၊ မာနတွေ၊ မနာလိုဝန်တိုမှုတွေကို ကျောပိုးပြီး ခရီးဆက်နေရတာ
မင်းမမောဘူးလား။ အရာရာကို သူများနဲ့ယှဉ်ပြိုင်ပြီး သူများထက်သာမှ
မင်းကိုမင်း တော်တယ်လို့ ထင်သလား..။ တကယ်တမ်း တော်တဲ့လူဟာ
သူများနဲ့ပြိုင်စရာ မလိုပါဘူး။ ကိုယ့်ကိုကိုယ် ပြိုင်ရမှာပါ..။ သူများက
မင်းထက် သာသွားမှာကို မင်းမနာလိုဘူး။ ဒါပေမယ့် မင်းက သူများထက်
သာသွားရင်တော့ မင်းသိပ်ပျော်တယ်။ မင်း အနိုင်ရလိုက်တယ်လို့ ခံစားရတယ်။
ဒါပေမယ့် တကယ်တော့ ဒါဟာ တကယ့်ပျော်ရွှင်မှုအစစ်အမှန် မဟုတ်ဘူး။ မင်း
စိတ်ထဲမှာ ပျော်ရွှင်မှုနဲ့အတူ စိုးရိမ်ပူပန်မှုတွေလည်း ကြီးစိုးနေတယ်...။
ဒါဟာ တကယ်တမ်း အနိုင်ရလိုက်တာလည်း မဟုတ်ပါဘူး..။ မင်းရှုံးသွားတာ..။
တကယ်တော့ အပြင်ပန်းကသာ မင်းနိုင်လိုက်ပေမယ့် စိတ်ထဲမှာ မင်း
ရှုံးသွားတာ...။ မင်းဟာ သူတစ်ပါးအပေါ်မှာ မူတည်ပြီး အသက်ရှင်နေရတဲ့သူ
ဖြစ်သွားပြီ။ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အတွေးအခေါ်တွေ မင်းမှာ
မရှိတော့ဘူး..။


ဒီစာကို ဖတ်နေရတဲ့အချိန်မှာ မင်း ငါ့ကို မေးချင်နေလိမ့်မယ်။ “မင်းကရော
ဘာတွေများ တော်နေ တတ်နေလို့လဲ”လို့..။ ငါဟာ သာမန်လူတစ်ယောက်ပါ...။
မင်းတို့လိုပဲ သာမန်လူတစ်ယောက်ပါ..။ ကိုယ့်ကိုကိုယ်
အကောင်းဆုံးလူသားတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ လူတစ်ယောက်ပါ..။
ဒါ့အပြင် မပိုပါဘူး..။


သူငယ်ချင်းရေ.. မင်း ဒီစာကို ဖတ်ပြီး အသေအချာ စဉ်းစားကြည့်ပါ။
ကိုယ့်ကိုကိုယ် မညာဘဲ စမ်းစစ်ကြည့်ပါ..။ ကိုယ့်အကြောင်းကိုယ်
သေချာသိတဲ့အခါ မင်းတို့ငါတို့တွေ စိတ်ညစ်ချင် စိတ်ညစ်မိလိမ့်မယ်...။
ဒါပေမယ့် ကိုယ့်ကိုကိုယ် သေချာသိပြီး ပြင်ဆင်မယ်လို့ ဆုံးဖြတ်ပြီးရင်
အားလုံးကို စွန့်ပစ်ထားခဲ့ပါ..။ အတိတ်တွေကို သင်ခန်းစာအဖြစ်
မှတ်ယူလိုက်ပါ..။ ငါတို့ အစက ပြန်စကြရအောင်....
သူငယ်ချင်း.....

                                        ktlay..27/09/2012

Sunday 23 September 2012

ထူးခြားသည့် အချက် ၉ ချက်

1     ။ကမ္ဘာပေါ်ရှိလူများသတွင်အပေါ်သွှားနှင့် အောက်သွားသည်ထိမနေပေ။ 


2     ။စိတ်မနှံ့ သူအချို့ သည်ထိုအဆိုကို  စိမ်းသပ်လေ့ ရှိသည်။

3      ။သင်သည်အပျင်းကြီးသူဇြစ်ကြောင်း  ကျွန်ုပ်သက်သေပြမည်။

3      ။ No.3   နှစ်ခါထပ်နေသည်ကိုသင်သတိမပြုမိ။  

5       ။No.4  မပါသည်လည်းမသိ။

6      ။ထိုအကြောင်းအရာတို့ ကို  ကြည့် ခြင်းဖြင့်     သင်သည်  နံပတ်ဖတ်အပျင်းကြီးသူဖြစ်သည်။

7      ။ကျွန်ုပ်စမ်းသပ်ချက်  ပြီးဆုံးပြီ။

8     ။စိတ်မနှံ့ သူအချို့ သညိထိုစာကိုဖတ်ပြီးရီ   တတ်ကြသည်။  

9     ။bye      ။

မြန်မာဟာသ 

သစ်ရွက်နှစ်လေး ရဲ့ အချစ်


သစ်ပင်နှစ်ပင်ရဲ့ သစ်ကိုင်းတစ်ခုစီမှာ သစ်ရွက်လေး နှစ်ရွက်ရှိတယ်။ အဲဒီသစ်ရွက်နှစ်ရွက်ဟာ လားရာကိုယ်စီနဲ့ တွေ့ဆုံဖို့ဆိုတာကို သူတို့အိပ်မက်တောင် မမက်ဖူးခဲ့ကြဘူး။ ဒါပေမယ့် တစ်နေ့မှာ ရုတ်တရက်တိုက်လိုက်တဲ့ လေပြင်းတစ်ချက်ကြောင့် သစ်ကိုင်းနှစ်ကိုင်း ညှိပြီး လေဟာနယ်မှာ သစ်ရွက်လေး နှစ်ရွက် ဆုံခဲ့ကြတယ်။ ဆုံပြီး အချင်းချင်း ချစ်မိသွားကြတယ်။ တစ်ဦးကိုတစ်ဦး မခွဲနိုင် မခွာရက် ချစ်မိသွားကြတယ်။ ဒီိလို သစ်ကိုင်းလေးနှစ်ကိုင်း ညှိပြီး အတူနေရတဲ့ဘ၀နဲ့ သူတို့တစ်သက်လုံးနေသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။

သူတို့မှာ ပြောမကုန်တဲ့ စကားတွေရှိတယ်။
အိပ်မက်ချိုချိုလေးတွေ ရှိတယ်။
လှပတဲ့ အနာဂတ်ရှိတယ်။
လေထဲမှာ သူတို့အတူ ယိုင်နွဲ့ပြီး ပျော်ရွှင်ကြတယ်။
မိုးထဲမှာ သူတို့အတူ ဆော့ကစားပြီး ပျော်ပါးကြတယ်။
နေရောင်ထဲမှာ သူတို့အချင်းချင်း မှီခိုပြီး ငိုက်မြည်းကြတယ်။
အတူနေရတဲ့ အချိန်ကို သူတို့ တန်ဖိုးထားကြတယ်။
အတူနေတဲ့ရက်တွေ ထပ်နေသလို၊ ပျော်ရွှင်စရာတွေကလည်း တကျော့ပြီး တကျော့၊ တစ်နေ့ပြီး တစ်နေ့။ ရှေ့ဆက်ဘာဖြစ်ဦးမလဲ ကြိုတွေးပြီး သူတို့ ရင်မလေးခဲ့ကြဘူး။ နေ့တစ်နေ့ကို ပျော်ရွှင်မှုအတိနဲ့ ကုန်ဆုံးဖို့ပဲ သူတို့ကြိုးစားခဲ့ကြတယ်။

ဒီလိုနဲ့ ဆောင်းဦးပေါက်ခဲ့တယ်။ သစ်ရွက်လေးနှစ်ရွက်အနက် တစ်ရွက်က တဖြေးဖြေး နွမ်းလျလာတယ်။ တစ်နေ့ထက်တစ်နေ့ ညှိုးနွမ်းလာခဲ့တယ်။ ကြွေရတော့မယ်ဆိုတာ သူ့ကိုယ်သူ သိပေမယ့် အခြားတစ်ရွက် မရိပ်မိအောင် သူဟန်ဆောင်နေခဲ့တယ်။ အိပ်ပျော်နေချိန်မှာ အသိမပေးဘဲ တိတ်တဆိတ်လေး ကြွေဖို့ သူစဉ်းစားခဲ့မိတယ်။

ဒါပေမယ့် တစ်နေ့မှာ သူ့လျှို့ဝှက်ချက်ကို ကျန်သစ်ရွက်လေး သိသွားခဲ့တယ်။
“နင်ကြွေမယ့်အချိန်ရောက်ရင် ငါလည်း ငါ့ရိုးတံကို ကိုက်ဖြတ်ပြီး နင်နဲ့အတူ လိုက်ကြွေမယ်”
“မဟုတ်တာ.. အကောင်းဆုံး အသက်ရှင်ကျန်ရစ်ခဲ့ပါ”

သစ်ရွက်တစ်ရွက်ရဲ့ အသက်ရှင်ခွင့်က တစ်ရက်ပြီးတစ်ရက် တိုတောင်းလာခဲ့တယ်။ ကျန်သစ်ရွက်တစ်ရွက်က သူ့အနားမှာပဲ တိတ်တဆိတ် စောင့်နေခဲ့တယ်။ သူ့ရဲ့နောက်ဆုံးအချိန်၊ နောက်ဆုံးထွက်ခွာသွားမဲ့ အချိန်လေးမှာ အနားမှာပဲ သူရှိနေချင်ခဲ့တယ်။ ဆောင်းဦးရဲ့ မွန်းလွှဲနေက သစ်ရွက်လေးတစ်ရက်ကို နီရဲသွားအောင် အရောင်ဆိုးလိုက်တယ်။ သစ်ရွက်လေးနှစ်ရွက် အချင်းချင်း ရင်ခွင်မှာ ခိုလှုံပြီး နှုတ်ဆိတ်နေကြတယ်။

လေလာပြီ... သစ်ရွက်လေးတစ်ရွက် ကြွေကျမသွားခင် ကျန်သစ်ရွက်က ကိုယ့်ရိုးတံကို ကိုက်ဖြတ်လိုက်တယ်။ လေတစ်ချက်အဝှေ့မှာ သစ်ရွက်လေးနှစ်ရွက် တစ်ရွက်ပေါ်တစ်ရွက်ထပ်လို့ လေသယ်ဆောင်ရာနောက်ကို အလိုက်သင့် မျှောပါသွားခဲ့ကြတယ်။

တကယ်တော့ သူတို့ရဲ့ ဇာတ်လမ်းက ၀မ်းနည်းကြေကွဲစရာ မကောင်းပါဘူး။ အကြောင်းက သူတို့အတူ ကြွေကျခဲ့တဲ့  အချိန်အထိ သူတို့ပျော်ရွှင်ခဲ့လို့ပဲဖြစ်တယ်။

“ကြွေအတူ ဝေအတူ” သူတို့ဘ၀ဟာ ပြည့်စုံခဲ့လို့၊ လှပခဲ့လို့ဖြစ်တယ်။
ဒါကိုမှ တကယ့်အချစ်စစ်လို့ ခေါ်လေမလား?
ဒါကိုမှ တကယ့်ပျော်ရွှင်ခြင်းလို့ ခေါ်လေမလား?   
 

Saturday 22 September 2012

မလိုင်လုံး မလိုင်လုံး


ရှမ်းလေးတစ်ယောက် မန္တလေးမြို့ မှ မိုးညှင်းမြို့သို့ သွားရန်
ရထားနှင့်လိုက်ပါသွားသည် မိုးညှင်း ဘူတာ ကို ရောက်တော့ 
 
ဈေးသည်များ ထုံးစံအတိုင်း အော်နေကြသည်...

``မလိုင်လုံး မလိုင်လုံး တစ်လုံးတစ်မှတ်´´
 
ရှမ်းလေးက အောက်မဆင်းရဲ ဒီလိုနဲ့ မိုးကောင်းဘူတာသို့ ရောက်သော်လဲ

``မလိုင်လုံး မလိုင်လုံး တစ်လုံးတစ်မှတ်´´

သူကြားလိုက်တာက ရှမ်းဘာသာလို

``မလိုင်လုံး မလိုင်လုံး ၊ တစ်လုံးတစ်မှတ်´
 
မဆင်းရ မဆင်းရ ၊ ဆင်းရင် ကြိုးတုတ်မယ် ... ဆိုတော့

ဒီလိုနဲ့ ရှမ်းလေး ရထားဂိတ်ဆုံးသို့ပါသွားလေရော...
...။
 
ရှက်လွန်းလို့ ခုမှ ဖွင့်ပြောတာ ဟိဟိ..
 
အင်တာနက်ပေါ်က ဟာသလေး....