Thursday, 11 October 2012

သူငယ်ချင်း ချစ်


.....သူငယ်ချင်းချစ်.....
ကိုယ့်နှလုံးသား ကိုယ်မယုံလို့
ဖွင့်မပြောရဲတဲ့ လူတစ်ယောက်လို
တစ်ရက်ပြီး တစ်ရက်
ဦးနှောက်နဲ့ စီးချင်းထိုးပြီး
သက်ပြင်းတွေနဲ့ ဆွံ့အခဲ့
ငါတို့ရဲ့ ခင်မင်မှုဟာ
ငါ့စကားတစ်ခွန်းနဲ့ ပြီးပြတ်သွားမှာလား
ဒွိဟ အတွေးတွေနဲ့
လွန်ဆွဲနေတဲ့ ငါ့နှလုံးသားဟာ
မင်းကိုရှောင်ဖို့ ကြိုးစားတိုင်း
နာကျင်နေခဲ့တာ မင်းသိခဲ့ရင်
ငါ့ကို ပြန်ချစ်မှာလား ချန်ခဲ့မှာလား
သူငယ်ချင်းဆိုတဲ့ အသိနဲ့ ထိမ်းချုပ်ထားလို့
ငါ့နှလုံးသားလည်း မောပန်းပြီး
ရင်ပွင့်ထွက်တော့မယ်
မင်းကို................

ㅍㅊㅎ KTLAYㅎㅊㅍ

14/08/2012

1 comment: