သူငယ်ချင်းတစ်ဦး
အလိုရှိပါသည်....
ချက်ပြုတ်ကျွမ်းကျင်
မီးဖိုခင်၍ မိန်းမလည်းပီသရမယ်
ဂါရ၀တရားလည်း ရှိရမယ်...
ဘာသာရပ်ခြား
နိုင်ငံတကာစကားလည်း
အားထားလိုက်စား
ပြောတတ်နိုင်သူ ဖြစ်ရမည်နော်..
ပေါင်းသင်းဆက်ဆံ
စိတ်ရင်းလည်း မှန်ရမယ်နော်..
ဖော်ရွေဟန်လည်း ရှိနေရမယ်နော်..
စပယ်လိုလှ
ခရေလိုမွှေး
နှင်းဆီလို အလှရှင်မျိုး
ဦးစားပေးမှာနော်..
အထက်ပါ အချက်အလက်တွေနဲ့
ပြည့်စုံမှသာ
အကြင်နားလမ်းသစ်
မေတ္တာအိမ်သစ်တွင်
စေတနာ လစာအစစ်
( ၅၂၈ ) ဖြင့် အလုပ်ဝင်ရန်
ဖိတ်ခေါ်လိုက်ပါတယ်ဗျာ...
..KTLAY..

No comments:
Post a Comment