ငါ့အတွက် နင့်အပေါ် လွမ်းဆွတ်ခြင်းဟာ တခဏတာပါ..
ငါနင့်ကို မချစ်ခဲ့ဘူးပဲပြောပြော..
အခုအချိန်မှာတော့ နင်ဟာငါ့အတွက် ကဗျာတစ်ပုဒ်လောက်တောင် အရေးမပါတော့ပါဘူး..
ကျေးဇူးတင်ပါတယ်..
ငါ့ကို စောစောစီးစီး ထားသွားခဲ့ပေးလို့..
နင်ထားသွားပေးခဲ့လို့ ငါတတ်ခဲ့ပါပြီ..
လူတိုင်းနဲ့ ဖြူစင်တဲ့အချစ်က မထိုက်တန်ဘူးဆိုတာ.
ဘာပဲဖြစ်ဖြစ်ပေါ့ နောက်ဆုံးတစ်နေ့မှာ ပြုံးနိုင်တဲ့သူဟာ အနိုင်ပဲတဲ့.
ငါမရှုံးပါဘူး.. ငါနိုင်ပါတယ်..
နင့်အတွက် ကြေကွဲဖူးတယ်လို့ ခံစားခဲ့ရပေမယ့် အခုအချိန်မှာ ငါပျော်နေပြီ..။
ငါ့ဘေးနားမှာ ငါချစ်တဲ့သူတွေရှိနေပြီ...
ငါ့ကို ဂရုစိုက်ပေးတဲ့ သူတွေရှိနေပြီ....
တစ်ချိန်က နင်မရှိရင် မဖြစ်ဘူးလို့ ထင်ထားခဲ့တဲ့
ငါ့ရင်ခွင်မှာ နင်ဆိုတဲ့ အရာတွေပျောက်ဆုံးသွားပြီ....
ရေးခဲ့ဖူးတဲ့ ဒိုင်ယာရီအဟောင်းတွေ အတွက်တော့ နောင်တဆိုတာ မရချင်ပေမယ့်
ငါ့အနာဂတ်မှာ နင်ဆိုတာ လုံးဝမပါစေရဘူး..
သစ္စာတရားကို မဲ့တဲ့အဓိပ္ပါယ်လို့ သင်ပေးခဲ့တဲ့
နင့်တစ်ယောက်အတွက် ငါသစ္စာတရားကို ရှာဖွေတွေ့ရှိခဲ့ပါပြီ....

ktlay

21/08/2012
21/08/2012
No comments:
Post a Comment