မင်းနဲ့ ပတ်သက်လာတဲ့သူတွေ
မှန်သမျှ ငါ့ရင်ကို တက်နင်းသွားပါစေ
အချစ်တွေကို ရိုက်ချိုးတဲ့ အဖြစ်က
အချစ်ရဲ့ စစ်ဆင်ရေးတွေ
ဖြစ်လာမယ်ဆိုရင်
အဲဒီလို စစ်ဆင်ရေးမျိုး
မင်း...ဘ၀မှာ မကြုံပါစေနဲ့လို့
ငါ....ဆုတောင်းပေမယ်...

ကိုယ်သိပ်ချစ်နေရတဲ့သူကို
တစ်ခြားတစ်ယောက်ရဲ့ ရင်ခွင်ထဲ
ရောက်နေတာကို
ငါလို ရပ်ကြည့်နေရတဲ့ အဖြစ်ကို
အချစ်ရဲ့ ၀ဋ္ဋ်ကြွေးတွေဆိုရင်
အဲဒီလို ၀ဋ္ဋ်ကြွေး
မင်းမခံစားပါရစေနဲ့လို့
ငါ...ဆုတောင်းပေးမယ်.....

မင်းရဲ့..အနာဂါတ်တွေ
လှပဖို့ အတွက်.....

မင်းရဲ့ ဆန္ဒတွေ
အောင်မြင်စွာ လျှောက်လှမ်း
နိုင်ဖို့ အတွက်.....

ငါ့ရဲ့..အချစ်တွေကို
နင်းချေလျှောက်လှမ်း သွားပါတော့
ချစ်သူ.....

ㅍㅊㅎ ktlayㅎㅊㅍ
28/08/2012


No comments:
Post a Comment