မကြားပဲနဲ့သိမယ်
မမြင်ပဲနဲ့တွေ့မယ်
ဒါကတို့နှစ်ယောက်ရဲ့ချစ်ခြင်း
အနာဂတ်လှပဖို့ ဆန္ဒတွေကို ချိုးနှိမ်လို့
ကမ်းလာမယ့် မင်းလက်ကို မျှော်ရင်း
ပင်လယ်ဒီရေ လှိုင်းဒဏ်တွေက
မာကြောလှတဲ့ ကမ်းပါးကို
တဖြည်းဖြည်းဝါးမြိုသလို
တွေဝေမှုတွေက
စစ်မှန်တဲ့ချစ်ခြင်းတရားကို
အထီးကျန်စွာ မဆွတ်ခူးနိုင်တဲ့ ကြယ်တပွင့်အလား
မင်းကိုချစ်ရဲ့လား
“ချစ်တယ်”
မင်းကို ငါ့အသက်ထက် လိုအပ်တယ်........
No comments:
Post a Comment