မြန်မာပြည်မှာ နှိပ်စက်
လူမှုရေး စည်းကမ်းပျက်
စီးပွားရေးမခိုင် ပြိုလဲချက်..
နိုင်ငံရေး ဖိနှိပ်ချက်
မခံနိုင် ဆန္ဒပြ ထောင်ချ...
မိသားစု ရှာစားမရအောင်ထိုးနှက်
လယ်သိမ်း မြေသိမ်း
ကုန်စိမ်းသည် ဈေးဗန်းအစသိမ်း
လာဘ်မထိုးနိုင်သမျှ လုပ်ကွက်မရ
လူလတ်တန်းစားများ အဆင့်ကျ..
တစတစ လူမွဲများ ပိုပိုဂျောက်ကျ...
အလယ်အလတ်လူတန်းစားပျောက်
ဆီပေါ် လူ့မလိုင်များနဲ့
အနယ်မှုန် ဆင်းရဲလူတန်းစား
နှစ်တန်း နှစ်စားဘဲကျန်တယ်..
ယောက်ျားမွဲရင် စစ်ထဲဝင်
မိန်းမမွဲတော့xxxဖြစ်ကြ...
စာရိတ္တတွေပျက်
အူမကြောင့် မတောင့်ခံလို့
ဝမ်းတွေက ဆာ
ဗိုက်တွေက နာ
သားသမီး အရင်းတွေရောင်းစားကြ
နိုင်ငံခြားကို လိင်ကုန်ကူး
အာရှာတစ်ခွင်မှာ
ရိုးသားတည်ကြည်တဲ့ မြန်မာမိန်းကလေး
ရှက်ကြောက်ဖြူစင်တဲ့ မြန်မာမိန်းကလေး
မြန်မာမိန်းကလေး မြန်မာမိန်းကလေး......
ㅍㅊㅎ KTLAYㅎㅊㅍ
29/07/2012
ရိုးသားတည်ကြည်တဲ့ မြန်မာမိန်းကလေး
ReplyDeleteရှက်ကြောက်ဖြူစင်တဲ့ မြန်မာမိန်းကလေး