နေရောင်ခြည်ရဲ့ “ အလင်း ” ရှိမှ
ကမ္ဘာ လောကကြီးရဲ့
မနက်ခင်းဆိုတာ ပြည့်စုံတာ မဟုတ်လား...
လမင်းရဲ့ “ အလင်း ” ရှိမှ
ကမ္ဘာ လောကကြီးရဲ့
ညဥ့်ယံဆိုတာ ပြည့်စုံတာ မဟုတ်လား...
..ဒီလိုပါဘဲ..
လူသားတိုင်းအတွက် ပြည့်စုံမှုဆိုတာ
ကိုယ် အဆင်ပြေနေတဲ့ အချိန်မှာရော
ကိုယ် အဆင်မပြေတဲ့ အချိန်မှာရော
ကိုယ့် ဘေးမှာ အမြဲရပ်တည်ပေးမဲ့
ကြင်နာသူလေးက ပေးတဲ့
“ အလင်း ” ရောင်လေးတော့
လိုချင်တာပေါ့ဗျာ....
KTLAY
19/08/2012
No comments:
Post a Comment