Tuesday, 18 September 2012

မုန်တိုင်းထဲမှာ ပွင့်တဲ့ပန်း

ခြောက်ချားဖွယ်တိတ်ဆိတ်မှုတွေက
မြေကြီးနဲ့ ကောင်းကင်ရဲ့ကြားမှာ
မုန်တိုင်းမလာခင် ငြိမ်သက်မှုမျိုးနဲ့
ရက်စက်နေကြတယ်...

မုန်တိုင်းတွေ ရောက်လာကြတယ်
မုန်တိုင်းထဲမှာ
ပန်းတွေပွင့်ကြတယ်..

လောကကိုအလှဆင်ဖို့

မုန်တိုင်းထဲမှာ
ပန်းတွေပွင့်ကြတယ်.

စနစ်တစ်ခုပြောင်းဖို့

မုန်တိုင်းထဲမှာ
ပန်းတွေပွင့်ကြတယ်... 

အဲဒီပန်းတွေပေါ့
မုန်တိုင်းထဲမှာ
တစ်ပွင့်ပြီး..တစ်ပွင့်ကြွေ
ဒါပေမယ့်... ငါယုံတယ်... 

မုန်တိုင်းထဲမှာ
တစ်ပွင့်ပြီး တစ်ပွင့်
ဝေ နေ ဦး မှာ... 

ပန်းတွေ တစ်ပွင့်ပြီး တစ်ပွင့်
ဝေ နေ ဦး မှာ အသေအချာ... 

ㅍㅊㅎ ktlayㅎㅊㅍ
18/09/2012 

No comments:

Post a Comment