Sunday, 9 September 2012

အဆုံးမသတ်ချင်ဘူး

ကြည်လင်သန့်ရှင်းတဲ့
ငါ့ရဲ့...ကောင်းကင်အပေါ်
မဲညစ်ညိုပုတ် တိမ်မဲအုပ်တွေကို
ဘာအတွက်များ...
သယ်ဆောင်လာခဲ့သလဲ လေပြေရယ်...
အကြိမ်ကြိမ် အခါအခါ
သစွာနဲ့ အမှန်တရားကို
အစမ်းသပ်ခံရဲတဲ့သူပါ
ငါ့ရဲ့ ကောင်းကင်မှာ
( မင်းနဲ့ ပတ်သက်ပြီး )
အပြစ်ဆိုလို့ မြူတမုန်စာသာ
မင်းကိုချစ်တဲ့
ကိုယ်ရည်သွေးတီးလုံးတွေနဲ့ အတ္တအစုံရယ်
အိမ်မပြန်နိုင်တဲ့ အိမ်ပြန်လို့မရတဲ့
အကြောင်းအရာတချို့သာ ရှိခဲ့လေရဲ့....
ငါ့ရဲ့ ကောင်းကင်မှာ
ထာဝရနေထိုင်ခွင့်ကို တဘ၀စာမက
ပေးအပ်ခဲ့ပြီးတာတောင်မှ
လေပြေရယ်....ဘာအတွက်များ
မုန်တိုင်းတွေကို သယ်ဆောင်လာခဲ့သလဲ
အခုတော့...မင်းနဲ့ကိုယ့်အကြားက
အနှောင်အဖွဲ့လေးခမျာ
မြေစာပင်ဖြစ်ရရှာရော့မယ်...
ကမ္ဘာဦးလူသားတွေ
မီးကိုတွေ့ရှိလို့ ပျော်ရတဲ့အပျော်မျိုးနဲ့
မျှော်လင့်ခဲ့သမျှ စောင့်စားခဲ့သမျှ
ငါ့ရဲ့...ကောင်းကင်ကို မင်းရိုက်ချိုးခဲ့တဲ့နောက်
မငြိမ်းဘဲလောင်နေတဲ့ မီးထဲမှာ
ငါ့ရဲ့...ဒုက္ခတွေက အဆုံးသတ်မသွားဘူး.....

ㅍㅊㅎ KTLAYㅎㅊㅍ

09/09/2012

No comments:

Post a Comment