ကျွန်တော်တို့ ရဲ့ အစ်ကိုကြီး ကိုသက်နိုင်စိုး ရဲ့ MMAS(www.myanmarmobileapp.com) မှ Application Developer Ko Nay Lin Aung(speedysoft mobile studio) ရေးသားသော ZawgyiFont Changer(mmas) ဖြင့် Zawgyi Font ပြောင်းနည်းဖြစ်ပါသည်။
အခြားနည်းများလို Step များခြင်းမရှိ ဘဲ Oneclick app အမျိုးအစားဖြစ်သည်။ ဒီမှာ အရင်ဒေါင်းလိုက်ပါ။
ဒေါင်းလို့ ရလာတဲ့ apk ကိုဖုန်းမှာ install လုပ်လိုက်ပါ။ထို application ထဲဝင်လိုက်လျှင် ဇော်ဂျီဖောင့်ပြောင်းရန်,ဇော်ဂျီဖောင့်ပြောင်းရန် (sonyဖုန်းများအတွက်) ဆိုပြီးခလုတ်နှစ်ခုရှိပါတယ်။ထို ခလုတ်နှစ်ခုအနက် sony ဖုန်းမဟုတ်လျှင် ဇော်ဂျီဖောင့်ပြောင်းရန်ကို နှိပ်ပါ။ Sony ဆိုရင် sonyဖုန်းများအတွက် စာသားပါသောခလုတ်ကိုနှိပ်ပါ။ ဖုန်း Restart ကျသွားပါလိမ့်မယ်။ပြန်တက်လာရင်တော့ မြန်မာဖောင့်ရပါပြီ။
Root Explorer နဲ့  မြန်မာဖောင့်သွင်းမယ်။
မြန်မာ ဖောင့်မသွင်းခင်အမြစ်တူးထားဖို့ လိုတယ်နော်။အမြစ်တူး(Root)နည်းလေးတွေအရင်လေ့လာပြီးRoot ပြီးမှမြန်မာဖောင့်ထည့်ကြစို့ နော်။မြန်မာဖောင့်ထည့်ဖို့ နည်းတွေကတော့အများကြီးပဲနော်။အခုပြောမှာကတော့RootExplorerနဲ့ မြန်မာဖောင့်ထည့်နည်းလေးပါ။အရင်ဆုံးလိုတာလေးကိုဒီမှာ ဒေါင်းပြီး ဖြည်ထားလိုက်ပါ။အဲထဲကRoot Explorer လေးကို Phone မှာ Install လိုက်ပါ။ဖောင့်တွေ ဖြစ်တဲ့ DroidSans.ttf နဲ့ DroidSansFallback.ttf ကိုလည်း Memory Cardထဲကူးထည့်ထားလိုက်ပါ။
Root Explorer ကိုဖွင့်လိုက်ပါ။ ပြီးရင် SD Card ဆိုတဲ့ Floder ထဲသွားပါ အောက်က ပုံအတိုင်း >
ပြီးရင် ခုနကထည့်ထားတဲ့ DroidSans.ttf ကိုရှာ ပြီး ခဏလောက်ဖိထားပါ။အောက်ကပုံတိုင်းပေါ် လာရင်တော့Copy ကိုနှိပ်လိုက်ပါ။
အောက်ဖက်နားမှာ Paste - Cancel ခလုတ်နှစ်ခုပေါ်လာရင် ဘာမှမနှိပ်ပဲ Back ခလုတ်နဲ့ ပြန်ထွက်လာပါ။ဟိုးအပြင်ထိလဲမထွက်နဲ့ ဦး။ Root Explorerစစ ၀င်ချင်းမြင်ရတဲ့ Page ထိပဲထွက်နော်။ရောက်ရင်တော့အောက် ကပုံမှာပါတဲ့အတိုင်း System ဆိုတဲ့ Floder ထဲဝင်လိုက်နော်။
System Floder ထဲရောက်ရင်တော့ Fonts ဆိုတဲ့ထဲထပ်ဝင်လိုက်ပါ။အောက်ပုံမှာ ပါတဲ့နေရာလေးကို နှိပ်ပြီး R/O ပြောင်းလိုက်ပါ ။
ပြီးရင်ခုနက Paste - Cancel ခလုတ်နှစ်ခုမှ Paste ကိုနှိပ်လိုက်ပါ။ဒါဆိုရင် DroidSan.ttf already exists.Do you want to overwrite it? လို့ Warning ပေးပါလိမ့်မယ် yes သာရွေးပေးလိုက်ပါ။ပြီးရင်တော့ ကိုယ် Paste လိုက်တဲ့ DroidSans.ttf ကိုဖိထားလိုက်ပါအောက်ကပုံတိုင်းပေါ်လာရင်Permissions ကိုနှိပ်လိုက်ပါ။
ကဲဒီမှာအရေးကြီးပြီ ။ Permissions မှားပေးရင်တော့ ဖုန်းဂန့် ပြီ။Firmware ပြန်တင်ပေတော့။Permissions ကိုနှိပ်လိုက်လို့ အောက်ကပုံ အတိုင်းပေါ်လာရင် ပုံမှာ အနီဖြင့်ဝိုင်းထားသော အကွက်များမှလွဲ ၍ ကျန်အကွက်များကို အမှတ် လိုက်ခြစ်ပေးလိုက်ပါ။ပြီးရင် Ok ပေါ့
ဒါဆိုရင်တော့မြန်မာဖောင့်သွင်းခြင်း အခမ်းအနားအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်တဲ့ အတွက် ဖုန်းကို Restart ချပေးလိုက်ပါ။ Permissionsပေးတဲ့နေရာမှာမှားရင်တော့ Restart မတက်ပဲ ဖြစ်တတ်ပါတယ်။ ဖုန်းပြန်တက်လာရင်တော့ မြန်မာဖောင့်ရ သွားပြီဖြစ်တဲ့အတွက် မြန်မာ Keyboardသွင်းပြီး မြန်မာလို Massages ပို့ လို့ ရပြီနော်။ Keyboard သွင်းနည်းကိုတော့ ဒီမှာ Check !
( DroidSans.ttf DroidSansFallback.ttf ဟု ttf နှစ်ခုပေးရခြင်းမှာ DroidSans.ttf ဖြင့်မရလျှင် DroidSanFallbackဖြင့်ပြောင်းထည့်နိုင်ရန်ဖြစ်သည်၊)
No comments:
Post a Comment