Monday, 22 October 2012

ကလေးဝတွင် နှစ်သိန်းတန် GSM ဖုန်းများ ဆက်သွယ် မရ


 စစ်ကိုင်း တိုင်းဒေသကြီး ကလေးဝမြို့တွင် GSM ဖုန်း တာဝါ တိုင်များကို သြဂုတ်လအတွင်းက စတင် စိုက်ထူထား သော်လည်း ယနေ့အထိ GSM ကျပ် နှစ်သိန်းတန် ဖုန်းများ ဆက်သွယ် ပြောဆို၍ မရသေးကြောင်း အဆိုပါ ကလေးဝမြို့ ဒေသခံများက ပြောကြားသည်။
“တိုင်စထူပြီဆိုကတည်းက ဖုန်းဝယ်တာ အခုထိပြောလို့မရသေးဘူး။ ဘာကြောင့်လဲတော့မသိဘူး” ဟု ကလေးဝ မြို့ခံတစ်ဦးကဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကလေးဝမြို့ ဆက်သွယ်ရေးရုံးထံသို့ သွားရောက် မေးမြန်းရာ ကလေးဝမြို့နှင့် ကလေးမြို့ကို ဆက်သွယ်ထားသော ဖိုင်ဘာကြိုး တစ်နေရာ ပြတ်တောက်နေခြင်းကြောင့် ဆက်သွယ်၍ မရခြင်းဖြစ် ကြောင်း၊ အဆိုပါ ကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ လိုင်းကြိုး ပြတ်သောနေရာကို သိရှိနိုင်ရန် စမ်းသပ်သည့် ကိရိယာ မရှိသေးသောကြောင့် စမ်းသပ် မရသေးခြင်း ဖြစ်ကြောင်း အဆိုပါ ဆက်သွယ်ရေးရုံး တယ်လီဖုန်း တာဝန်ခံက ပြန်လည်ဖြေကြားသည်။
ကလေးဝမြို့တွင် GSM ဖုန်း လိုင်းမိသော ကျေးရွာ လေးရွာသာရှိပြီး ချင်းတွင်းမြစ် အထက်ပိုင်း မော်လိုက်၊ ဟုမ္မလင်းနှင့် ခန်္တီးမြို့တို့တွင် GSM ဖုန်းလိုင်း အဆင်ပြေစွာ အသုံးပြု၍ ရကြောင်း အဆိုပါ ဆက်သွယ်ရေးရုံးထံမှ စုံစမ်းသိရှိရသည်။

မြတ်(ကလေး)

မူရင်းသတင်း----THE VOICE JOURNAL

No comments:

Post a Comment