ဟိုအရင်ကတော့ ဖုန်းတော်တော်များများ မြန်မာဖောင့်ထည့်ချင်ရင် Root လုပ်မှရပါတယ် ။အခုတော့ တစ်ချို့ ဖုန်းတွေ Root လုပ်စရာမလိုပဲ မြန်မာဖောင့်ထည့်လာနိုင်ကြပါပြီ။ ဖုန်းအမျိုးအစား အမျိုးမျိုးထဲမှာမှ Samsung Galaxy ဖုန်းများတွင် အရင်ကထဲက Root လုပ်ရန်မလိုပဲ မြန်မာဖောင့်ထည့်သွင်းနိုင်ကြပါတယ်။ အခု ထို Samsung galaxy ဖုန်းများ Root လုပ်ရန်မလိုပဲ မြန်မာဖောင့် ထည့်သွင်းနည်းဖော်ပြပေးသွားမှာပါ။တခြားဖုန်းတွေအတွက်လဲ နောက်တင်ပေးသွားပါမယ်။ တစ်ကယ်တမ်းကျတော့ Galaxy မြန်မာဖောင့်သွင်းနည်းက လွယ်လို့ လေကြောရှည်နေတာပါ ဟိဟိ ^_^
အရင်ဆုံး ဒါလေးဒေါင်းလိုက်ပါ >> ZawgyiOne.apk ပြီးရင်ဒေါင်းလို့ ရလာတဲ့ apk လေးကို Phone မှာ install လိုက်ပါ။နောက်Setting>>Display>>Screen Display>>Font style မှာ Zawgyi one ttf ကိုပြောင်းပေးလိုက်ပါ။Restart ချခိုင်းပါလိမ့်မယ် Restartချပြီးပြန်တက်လာရင် မြန်မာဖောင့်ရသွားပါပြီ။
စာရိုက်ဖို့ အတွက်တော့ Myanmar Keyboard သွင်းရပါမယ်။Myanmar Fonts Keyboard
မြန်မာဖောင့် KeyBoards For Android
ဒါက itextmm keyboard လေးပါ။ ဒီက ယူပါ။
ဒါလေးကတော့ Myandroid Soft Keyboard လေးပါ။ ဒီမှာ ယူပါ။
အသစ်ထွက် iTextmm slide keyboard လေးကိုတော့ ဒီမှာ ဒေါင်းပါ။
ဒီမှာ ကတော့ ရန်ကုန် ကီးဘုတ် ပါ။
ဒါကတော့ မြန်မာကီးဘုတ် ပါ။ ဒီမှာ ပါ။
Keyboard ပြောင်းလဲ အသုံးပြုနည်း
Keyboards တွေပေးတာတော့ဟုတ်ပါပြီ။အသုံးပြုနည်းလဲပေးဦးမှပေါ့ နော်။ အရင်ဆုံး ကိုယ်သုံးချင်တဲ့ Keyboard လေးဒေါင်းပြီးတော့ Install ထားလိုက်၊ ပြီးရင် Phone Setting >Language & Keyboard (Or) Locale & Text ကနေကိုယ် အသုံးပြုမယ့် Keyboard လေးကို အမှတ်သွားခြစ်ထားလိုက်ဦး။နောက် စာရိုက်လို့ ရတဲ့ နေရာတစ်နေရာမှာ စာရိုက်တဲ့နေရာလေးကို ခဏဖိထား လိုက် ဟောပေါ်လာ ပြီဆိုရင် Input methodကနေ ကိုယ်သုံးမယ့် Keyboard ကိုအမှတ်ပေးလိုက် ဒါဆိုရင်တော့ မြန်မာစာ Keyboard သုံးလို့ ရသွားပြီနော်၊
No comments:
Post a Comment