အာရုံတွေကလဲ အထွေထွေ အပြားပြား
ကောင်းကင်က လမင်း
ရုတ်တရက်ပြုတ်ကျလာတာလား
ဘာရယ်တော့ သေချာမသိပေမယ့်
ငါ့အသဲ ပြားချပ်ချပ်ဖြစ်နေတာ
အသေအချာပါ
အမှောင်တွေ ပိုနေတာလား
အရာအားလုံး
ယောင်ယောင် မှားမှားနဲ့
မျက်ကန်း လမ်းပျောက်နေသလို
လင်းခနဲ လက်ကနဲ
ကြယ်တွေကြွေတာလား
မျက်ရည်မိုး တသည်းသည်း
နှလုံးသားက မိုးခြိမ်းသံ
အရောင်တွေ မဲနေသလို
အဲတာ ချစ်သူထွက်ခွါသွားတဲ့ညတစ်ညပေါ့ ..
ㅍㅊㅎ ktlayㅎㅊㅍ
11/08/2012

.အမ်...ဟုတ်လား
ReplyDelete