Sunday, 19 August 2012

ဘ၀သစ်


         တစ်မိုးအောက်မှာ တစ်ခဏတွေ့ခဲ့ရပေမဲ့

ဆုံတွေ့ခြင်းဟာလည်း ရှေ့ရေစက်ကြောင့် ဆိုရင်

ဝေးကွာနေခြင်းကရော ရှေ့ရေစက်ကြောင့်ဘဲလား..

အရာရာကိုလည်း မယုံရဲချင်ဘူးလေ

လေထုထဲက တိမ်တိုက်လို

ဖမ်းဆုတ်ဖို့ ခက်လို့လေ...

လောကအလယ်မှာ တည်ငြိမ်ရအောင်

ကြိုးစားရင် အရာအားလုံးဟာ ပုံပြင်လေးလို

ငါ့..အတွက်ကတော့ သုံည ကနေပြန်စနေရတယ်..

စိုင်းထီးဆိုင် သီချင်းလို

မတည်ငြိမ်သေးတဲ့ နှလုံးကို

တတ်နိုင်သမျှထိမ်းမယ်တဲ့လေ

ငါ..လည်းလဲရာကပြန်ထ ရှေ့ဆက်လျှောက်မယ်.
.
ဘ၀သစ်ဆီိသစ်ဆီသို့.....
KTLAY
19/08/2012 

No comments:

Post a Comment