လမ်းခွဲများနဲ့ လူ့ဘ၀ရဲ့ လမ်းမကြီးမှာ
ရွေးခဲ့မိတဲ့ ငါ..အတိတ်လမ်းကိုလည်း
နှောင်မတွယ်ရစ်ချင်တော့ဘူး.......
အနာဂတ်အတွက်လည်း စိုးရိမ်စွာ
မမျှော်မှန်းချင်တော့ဘူး.....
ရင်ထဲက အရှိတရားတွေ ပွင့်အန်လို့မရတော့ရင်
ရေငုံကာနှုတ်ပိတ်လို့ တိတ်ဆိတ်စွာနဲ့
ရိုးရှင်းစွာဘဲ ဖြတ်သန်းတော့မယ်...
နာကျင်စွာလဲကျလို့ ဆုံးရှုံးခြင်းတွေကြုံတဲ့အခါ
ပျော်ရွှင်မှုဆိုတာလဲ အစရှာမရခဲ့ဘူးလေ....
ဝမ်းနည်းမှုတွေနဲ့ လဲပြိုချိန်မှာ
စာနာမှုတွေနဲ့အတူ ကြင်နာစွာဖေးမသူတွေတော့
ရှိနိုင်ပေမဲ့.....
စိတ်ခွန်အားတွေတိုးဖို့ တည်ငြိမ်မှုဆိုတာလည်းလိုမယ်လေ...
ဘ၀ရဲ့မတူညီမှုတွေကြားက
လှောင်ရယ်သံတွေကြားတယ်...
ဥပေက္ခာတရားတွေ ထမ်းပိုးရင်း...
လှောင်ရယ်သံတွေ ကျောခိုင်း တိတ်ဆိတ်တဲ့ညတွေဘဲ
ဖြတ်သန်းတော့မယ်....
KTLAY
19/08/2012
No comments:
Post a Comment