ပျံသန်းနေကြတဲ့ ငှက်ကလေးရေ
မင်းလို လွတ်လပ်အေးချမ်းတဲ့
ဘ၀မျိုးကို ငါလိုချင်လိုက်တာကွာ..
အယောင်ဆောင်မှုတွေ မရှိ
ဒေါသ မန်မာနတွေ ကင်းတဲ့
မင်းတို့ ဘ၀မျိုး ငါရချင်မိတယ်ကွာ...
လေဟုန်ကို ဆန်
လေဆန်ကို မျော
သစ်ပင် ထိပ်ဖြား
ခိုကာနားလည်း ရတယ်...
ဟန်ဆောင်မှုတွေ မကင်းတဲ့
ဒေါသ မောဟ မာန်မာနတွေ မကင်းတဲ့
လွမ်းဆွေး ငိုကြွေး ပူဆွေးမှုတွေ
ပြည့်နက်နေတဲ့ ငါတို့လို
လူသားတွေရဲ့ ဘ၀ အမောတွေကို
ပြေပျောက်စေနိုင်မယ်ဆိုရင်
မင်းတို့လို ဟန်ဆောင်မှုတွေ ကင်းတဲ့
လွတ်လပ် အေးချမ်းခြင်းတွေကို
လူသားတွေကို မျှဝေခံစားပါရစေလား
ငှက်ကလေးတို့ရေ....
ㅍㅊㅎ KTLAYㅎㅊㅍ
11/07/2012

No comments:
Post a Comment