တိတ်တိတ်လေး ချစ်နေရတာ
ရင်ထဲမှာ မောပန်းမှုတွေနဲ့
ပြည့်နက်နေတယ် ချစ်သူ..
သူမသိအောင်
တိတ်တိတ်လေး လွမ်းနေရတာ
ရင်ထဲမှာ နွမ်းလျမှုတွေနဲ့
ပြည့်နက်နေချစ်သူ...
တိတ်တိတ်လေး လွမ်းတဲ့
ဝေတနာ
တိတ်တိတ်လေး နွမ်းလျတဲ့
ဒဏ်ရာ
လျှော့မလာ ပိုသာတိုးလာတယ်...
ဖွင့်ပြောမယ် ကြံကာမှ
မကြားချင်တဲ့ ချစ်သူဆီက
သတင်းစကား
ချစ်သူဆီမှာ ရှိနေတယ်...
ငါ့ရဲ့ အချစ်တွေကို ဥပက္ခာတော့
မပြုလိုက်ပါနဲ့ ချစ်သူ..
ဖြစ်နိုင်ရင် ချစ်တာကို အစားထိုးပေးပါလား
မိုးနတ်မင်းရယ်...
ฏฏ KTLAY ฏฏ
09/07/2012

No comments:
Post a Comment