Wednesday, 15 August 2012

အတူဆုံချိန်


မင်းနဲ့ကို ဝေးနေပေမယ့်
အနီးနားမှာ ရှိသလို စိတ်ထဲထင်မှတ်မိပါတယ်...

သတိရ တမ်းတ လွမ်းဆွေးမှုတွေက

ခြောက်သွေ့နေတဲ့ အထီးကျန်ညတွေကို

ကျြော်ဖတ်ရင်းပေါ့....
မင်းပျော်ရွှင်နေချိန်မှာ

ထပ်တူပျော်ရွှင်ရလို့

တစ်ယောက်ထဲနေတဲ့

ဒီလိုညတွေမှာ မင်းလည်း

ထပ်တူ သတိရနေမယ်လို့

မှန်းဆနေမိတယ်.......

မျှော်လင့်ရင်း အတူဆုံချိန်ကိုရောက်ဖို့

ကြယ်ကြွေချိန်မှာ ဆုတောင်းနေမိတယ်..

ချစ်သောသူနဲ့ဆုံဆည်းရစေသား......
                                                          ...KTLAY...

No comments:

Post a Comment