Wednesday, 15 August 2012

အပျိုကြီး မမ


နှစ်ဆယ်ကျော် အစိတ်ပိုင်းမှာလ
အရွယ်တော်  တစိတ်ဟိုင်းပြီမို့
စိတ်တိုင်းကျ တွေ့မည် မထင်...
မတန်မှ ရွေးလှချည်ရဲ့
ကံပေးလျှင် လိုရာရောက်လိပ်မပေါ့
ဖောက်စရာ မာန်ကို ယုံလို့
ကြောင်းမဆုံ နှောင်းပုံအလုပ်ကယ်နှင့်
ခေါင်းသုံးလျှင် ရောင်းကုန်ပုတ်မှဖြင့်
ကောင်းကောင်း မဟုတ်ချင်....
ရတာမလို လိုတာမရနှင့်
မအပျို ကိုယ်မှာ `သ´တော့မဟဲ့လို့
အိုကာမှ တန်ဆာဆင်
..ဩော်..ဇရာအသွင် မြင်သူမုန်းပေလို့
ဈေးမကွဲခင် 
ကြေးနည်းတာ မမြော်မြင်နဲ့တော့
ခေါ်ငင်ကာ တွင်အောင်ရောင်းပါမှ
ကုန်ကောင်းဆို  အမြန်မနှင်လို့
အမှန်ပင် ရက်ကြာလို့ နှေးတော့ကာမှ
လျှော့ဈေး လေလံဆိုင်မှ
ဈေးမကိုင် အနိုင်ထုပ်ရတော့
အိုကွယ်....ကြေးရုပ်လိုရှုံး......
KTLAY    

No comments:

Post a Comment