လောကကြီးထဲမှာ လူတယောက်အဖြစ်နဲ့မွေးဖွားလာရင် လူတွေနဲ့ မဆက်ဆံလို့မရဘူး အဲဒီလိုလူတွေနဲ့ ဆက်ဆံတဲ့
အခါမှာ အဆင်ပြေဖို့အရေးကြီးပါတယ် လူတွေမှာ စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့ ဒုက္ခက တစ်မျိုး
တစ်ယောက်နဲ့ တယောက် ပြောဆိုရတာ အဆင်မပြေလို့ စိတ်ဆင်းရဲရတဲ့ ဒုက္ခက တစ်မျိုး အဲဒီ ဒုက္ခ နှစ်မျိုးမှာ.......
ဘယ်ဒုက္ခက ပိုကြီးသလဲဆိုရင်
စားဝတ်နေရေးက ကြိုးစားရုန်းကန်ရင် အထိုက်အလျှေက်တော့ ဖြစ်သွားတာပါပဲ ပင်တော့ပင်ပန်းကြပါတယ်။
တချို့ဆို စားဝတ်နေရေးတော်တော် ကျပ်တည်းကြပါတယ်
ဒါပေမဲ့ သေချင်လောက်အောင် စိတ်ဆင်းရဲရတာ စိတ်ညစ်ရတာမျိုးဆိုတာ စားဝတ်နေရေးကြောင့်ဖြစ်တာ
နည်းပါတယ် သေချင်လောက်အောင် စိတ်ဆင်းရဲရတာမျိုး အများဆုံးဖြစ်တာ ဆက်ဆံရေး ပြောရေး ဆိုရေး
အဆင်မပြေလို့ပါပဲ ဒါကြောင့်
လူအချင်းချင်း ဆက်ဆံရေးကို တော်တော်လေး သတိထားဖို့လိုတယ်
အလေးထားဖို့လိုတယ်
တန်ဖိုးထားဖို့လိုတယ်
ဒါကိုနားလည်ဖို့လည်းလိုတယ်
ပညာရပ်တခု အနေနဲ့ လေ့လာဖို့ အင်မတန်သင့်တဲ့ ကိစ္စတစ်ခုပါ
ဒါကိုဘယ်ကျောင်းမှာမှ သင်မပေးဘူး ကိုယ့်ဘ၀မှာ အစစ အရာရာ အဆင်ပြေဖို့ အရေးကြီးဆုံးအချက်ဟာ ဆက်ဆံ
ရေး ကောင်းဖို့ပါပဲ ဆက်ဆံရေးမကောင်းရင် ကြီးပွားတိုးတက်ရေးမှာ အခက်ခဲများမယ်
တခြားအရည်ချင်းတွေ ဘယ်လောက်ရှိရှိ ဆက်ဆံရေးမကောင်းရင် မကြီးပွားနိုင်ဘူး ဆက်ဆံရေးကောင်းဖို့ဆိုတာ
စိတ်နေသဘောထား မျှတမူ ကိုယ်ချင်းစာနာမူ့ ရှိရုံလောက်နဲ့ မရသေးဘူး အပြောအဆိုပြေပြစ်ဖို့ ပြတ်သားဖို့လဲ
လိုတယ် ဒါကြောင့် ပြောပုံဆိုပုံ သေချာလေ့လာရမယ် နောက်ပြီး လူလူချင်းဆက်ဆံတဲ့ အခါမှာ
ငါ သူတပါး ယောင်္ကျား မိန်းမ မခွဲရဘူး အဆင့်အတန်း မခွဲရဘူး ဂုဏ်ဒြပ်တွေနဲ့မကြည့်ရဘူး အဲဒီလို အစွဲတွေ
ကင်းပြီး ဆက်ဆံတတ်ရင် လူ့ဘ၀ဆိုတာ ပျော်စရာကြီးပါ ဒါကြောင့် စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းအပေါင်း
ပျော်ရွှင်စွာနဲ့ လူ့ဘ၀ကြီးကို ဖြတ်သန်းနိုင်ကြပါစေလို့ တောင်းဆု ပြုလျှက်...
ktlay..28/09/2012
No comments:
Post a Comment