အချစ်ရေ
ညစ်ညမ်းတဲ့ လမ်းမများနဲ့
ငါ့ရဲ့ ကျမ်းမာရေးအတွက်
လက်ဖက်ရည်တစ်ခွက်သာ
သစ္စာရှိခဲ့ပါစေတော့
ဆဟာရကို
အဟာရလို့ထင်တယ်..
အဲသည်လိုနဲ့...
မပျော်ရွှင်တဲ့ ကော်ဖီတစ်ခွက်အတွက်
လက်ဆောင်တွေ ပေးခဲ့ပြီး..
အဲသည်လိုနဲ့...
ရူးသွပ်နေတဲ့ နွေဦးလေအတွက်လည်း
အိမ်မက်လှလှတစ်စုံ
လုံခြုံစွာ ပေးပို့လိုက်ပြီ..
အဲသည်လိုနဲ့...
လေကခြွေချသွားတဲ့
မသေချာမှုတွေအတွက်
သီချင်လက်ဆောင် ပေးပို့ခဲ့ပြီ..
အဲသည်လိုနဲ့...
နှင်းမရှိတဲ့ ဆောင်းအတွက်လည်း
ကောင်းကင်တစ်ခုပေးခဲ့ပြီ..
အဲသည်လိုနဲ့...
ဘ၀အတွက်
ဇလဗေဒ အချက်အလက်တွေလည်း
ဆက်လက်ဆုဆောင်းခဲ့ပြီလေ....
No comments:
Post a Comment