လိုချင်တယ်....
ကိုယ်လေ ညဘက် လမင်းကို
ငေးကြည့်ရင်း အားကျလာတယ်....
ကိုယ်လေ အလင်းရောင်တွေ ဖြန်းပက်ပေးနေတဲ့
လမင်းကို ကြည့်ရင်း တွေးမိလာတယ်...
ကိုယ်က လမင်းကြီး ဖြစ်ခဲ့ရင်
မင်းက ကမ္ဘာမြေကြီးသာဖြစ်ရင်......
ကိုယ်လေ လမင်းလိုပဲ
မင်းကို အလင်းရောင်တွေ ပေးချင်တယ်....
ကိုယ်လေ လမင်းလိုပဲ
မင်းကို အေးမြမှုတွေ ပေးချင်တယ်....
ကိုယ်လေ လမင်းလိုပဲ
မင်းအနားမှာ ရစ်ဝဲ နေချင်တယ်...
ကိုယ်လေ မင်းကမ္ဘာမှာ
လမင်းလေး ဖြစ်ခွင့်ရချင်တယ်...
ဒါပေမဲ့လေ....
မင်းကမ္ဘာမှာ ငွေလမင်းတွေ
အပြည့်ရှိနေလားဆိုတာတောင်.....
..... ktlay .....
15/09/2012

No comments:
Post a Comment