အေးမြမှုတွေ....ပေးတဲ့
လေပြေ.......
လန်းဆန်းမှုတွေ....ပေးတဲ့
မိုးပြေး.........
လေပြေလို မိုးပြေးလို
အေးမြလန်းဆန်းစေတဲ့
မင်းရဲ့ အပြုံး....
ငါလေ တမ်းတနေမိတယ်...
ငါ့..ကမ္ဘာလေးထဲကို
ဝင်လာစေချင်တယ်...
ငါ့ ကိုလေ
အေးမြမှုနဲ့လန်းဆန်းမှုတွေ
ပေးလှည့်ပါကွာ....
တစ်ကိုယ်ကောင်းဆန်တဲ့ငါ
တောင်းဆိုမှုတွေများပြီး
မင်းကိုတော့ ဘာတွေ ပေးဆပ်ရမလည်း..
ငါရဲ့ပေးဆပ်မှုတွေ
ငါ့အတွက် အလှည့်ရော ရှိပါ့မလား......
စိုးရိမ်မိတယ် မိုးလေပြေလေးရယ်...
ငါလေ မိုးပြေးလေး ဘ၀ကနေ
အချစ်မိုးတွေ သဲသဲမဲမဲ
ရွာသွန်းလို့ ရချင်ပေမဲ့....
လေပြေလို မိုးပြေးလိုဘဲ
ဘ၀တွေက ကြာရှည်နိုင်ပါ့မလား
စိုးရိမ်မိတယ်..အချစ်ရယ်.......
..... ktlay .....
16/09/2012

No comments:
Post a Comment