တစ်ချိန်က ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသော လင်မယား၂ ယောက် စကားဆုံကြသည်
``နင် အရင်က ရည်းစားထားခဲ့ဖူးလား´´
``ဟင့်အင်း ရှင်ကော ထားခဲ့ဖူးလား´´
``ငါလဲ မထားခဲ့ဖူးဘူး ရည်းစားထားတယ်ဆိုတာ ဘယ်လိုနေလဲမသိဘူးနော်´´
``ဒါဆို ရှင်နဲ့ကျွန်မ စိတ်ထဲက ရည်းစား ထားကြည့်ကြရအောင်လေ´´
ထိုစဉ်
ယောက်ျားဖြစ်သူက ကောင်မလေး ချောချောလေးတွေ့ရင် ရည်းစား ထားချင်စိတ်ပေါ်တိုင်း
ပြောင်းဖူးစေ့ ၁စေ့ စုဘူးထဲ ထည့်လိုက်တယ်
မိန်းမ ကလည်း ယောက်ျားလေးများကို မြင်ရင် စိတ်ထဲက ရည်းစားထားချင်စိတ်ပေါ်တိုင်း
ပြောင်းဖူးစေ့ ၁စေ့ စုဘူးထဲ ထည့်တယ်
၁နှစ်ပြည့်သောအခါ
ပြောင်းဖူးစေ့အားရီကြည့်သည်
ယောက်ျားက ၁ပြည်ခန့် ရသည်
မိန်းမက ပြည်ဝက် နှင့် အကြွေစေ့အချို့
” ဟာ ငါ့စိတ်ထဲက ရည်းစားထားတာ မင်းထက်တစ်ဝက်ပိုနေပါလား “
” ကျွန်မကရှင့်ထက်တောင်ပိုသေး ပြောင်းဖူးဈေးကောင်းတုံးက
၂ ပြည်တောင် ရောင်းပြီးပြီ အဲဒီ ငွေပဲ “
” အောင်မလေးဗျ “
No comments:
Post a Comment