ရှမ်းလေးတစ်ယောက် မန္တလေးမြို့ မှ မိုးညှင်းမြို့သို့ သွားရန်
ရထားနှင့်လိုက်ပါသွားသည် မိုးညှင်း ဘူတာ ကို ရောက်တော့
ဈေးသည်များ ထုံးစံအတိုင်း အော်နေကြသည်...
``မလိုင်လုံး မလိုင်လုံး တစ်လုံးတစ်မှတ်´´
ရှမ်းလေးက အောက်မဆင်းရဲ ဒီလိုနဲ့ မိုးကောင်းဘူတာသို့ ရောက်သော်လဲ
``မလိုင်လုံး မလိုင်လုံး တစ်လုံးတစ်မှတ်´´
သူကြားလိုက်တာက ရှမ်းဘာသာလို
``မလိုင်လုံး မလိုင်လုံး ၊ တစ်လုံးတစ်မှတ်´
မဆင်းရ မဆင်းရ ၊ ဆင်းရင် ကြိုးတုတ်မယ် ... ဆိုတော့
ဒီလိုနဲ့ ရှမ်းလေး ရထားဂိတ်ဆုံးသို့ပါသွားလေရော......။
ရှက်လွန်းလို့ ခုမှ ဖွင့်ပြောတာ ဟိဟိ..

အင်တာနက်ပေါ်က ဟာသလေး....
No comments:
Post a Comment